close

လက်လုပ်မိုင်းကွဲ

close

January 17, 2022

ပြည်ကြီးတံခွန်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အခွန်ရုံးတို့တွင် လက်လုပ်မိုင်းကွဲ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ်အခွန်ရုံးတို့မှာ ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက လက်လုပ်မိုင်းနဲ့ ပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။ 

လမ်း ၁၃၀ လမ်း၊ ၅၅ လမ်း နဲ့ ၅၆ ကြားရှိ (ဆ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ နေ့လယ် ၁ နာရီခွဲလောက်က  ရုံးအတွင်း လက်လုပ်မိုင်းနဲ့ ပစ်ခံခဲ့ရပြီး ရုံးဝင်းထဲကျကာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်ကြီးတံခွန်မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာန ရုံးမှာလည်း နေ့လယ် ၃ နာရီလောက်က  လက်လုပ်မိုင်းနဲ့ ပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ အနီးနားနေ  ပြည်သူတချို့ ပြောပါတယ်။

(ဆ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ပြည်ကြီးတံခွန်မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနရုံး တို့မှာဖြစ်ခဲ့တဲ့ အဆိုပါပေါက်ကွဲမှုတွေမှာ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။

7 mins Ago

June 22, 2021

မန္တလေး၌ ပစ်ခတ်မှုဖြစ်ပြီးနောက် လက်လုပ်မိုင်းများကွဲ၊ စစ်တပ်က သံချပ်ကာကားများဖြင့်လှည့်နေ

မန္တလေးမြို့မှာ ဇွန်လ ၂၂ ရက် ဒီမနက် ၈ နာရီလောက်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် နေရာတော်တော်များများမှာ လက်လုပ်မိုင်းတွေပေါက်ကွဲနေပြီး  စစ်တပ်က သံချပ်ကာ ကားတွေနဲ့ပါ လှည့်နေကြပါတယ်။

ချမ်းမြသာစည်မြို့နယ် ၅၄ လမ်း၊ ၁၁၁ လမ်း နဲ့ ၁၁၂ လမ်းဘက်မှာ ပစ်ခတ်မှုတွေဖြစ်ပြီး ရဲစခန်း အနီးနဲ့စစ်ကောင်စီတပ်တွေ ကင်းပုန်းချရာနေရာ အနီးတွေမှာ လက်လုပ်ဗုံးပေါက်ခဲ့တာဖြစ်ပါတယ်။

ပြည်ကြီးတံခွန် အဆင့်မြင့်ရဲစခန်းအနီး ၊ မဟာအောင်မြေမြို့နယ် အမှတ် (၉) ရဲစခန်း အနီးတို့မှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့ပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုတွေဖြစ်ပြီးနောက် စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ သံချပ်ကာကားတွေနဲ့ပါ လှည့်လည်နေတဲ့အတွက်  လမ်းမတချို့မှာ ကားတာယာမီးရှို့တား ဆီးတာတွေ လုပ်ထားကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့်လည်း အပြစ်မဲ့ အရပ်သားတွေ သေနတ်မှန်တာရှိတယ်လို့ သိရပါတယ်။

7 months Ago
Up