close

လက်လုပ်မိုင်းပစ်ခံရ

close

December 1, 2021

မန္တလေးမြို့ အမှတ် ၁ ရဲစခန်း လက်လုပ်မိုင်းဖြင့် ပစ်ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နန်းရှေ့ ၁၉ လမ်းနှင့် ၅၈ လမ်းအနီးရှိ အမှတ် ၁ နယ် မြေစခန်း နိုဝင်ဘာလ ၃၀ ရက် ညနေ ၆ နာရီဝန်းကျင်က လက်လုပ်မိုင်းနဲ့ ပစ်ခံခဲ့ရပါတယ်။

လူ ၂ ဦးက ဆိုင်ကယ်နဲ့ လာပစ်တာဖြစ်ပြီး လက်လုပ်မိုင်းဟာ စခန်းရှေ့ရေမြောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“စခန်းရှေ့မှာက အတားအဆီးတွေ လုပ်ထားတယ်။ ဗုံးက ခဏခဏ ပစ်ခံရတယ်။ မနေ့က ညနေက ဗုံးပေါက်သံကြားပြီး သေနတ်သံတွေရောကြားတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မကြားမိဘူး။”

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေဟာ ၁၉ လမ်းတစ်လျှောက် ပိတ်ဆို့ ရှာဖွေစစ်ဆေးတာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

3 mins Ago
Up