close

လက်လုပ်သေနတ်

close

March 6, 2023

ACID Local PDFအဖွဲ့က အဆင့်မြင့် လက်လုပ်သေနတ်တမျိုးထုတ်လုပ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အခြေပြု ACID Local PDFအဖွဲ့က ကျပ် ၆ သိန်းတန် အဆင့်မြင့်လက်လုပ်သေနတ်တမျိုးကို အောင်မြင်စွာ ထီထွင်ထုတ်လုပ်နိုင်ပြီလို့ အဲဒီအဖွဲ့က မတ် ၅ ရက်မှာ ကြေညာလိုက်ပါတယ်။

အဲဒီသေနတ်မှာ ၇ ဒသမ ၆၂ ကျည်အမျိုးအစားကို ကျည်ကတ်တပ် အသုံးပြုနိုင်မှာဖြစ်ပြီး တချက်ပစ် တခါမောင်းတင်နိုင်တဲ့အပြင် အကွာအဝေးအားဖြင့် မီတာ ၃၀၀ နဲ့ ထိရောက်မှု မီတာ ၁၅၀နဲ့ ၂၀၀ အထိ ရှိတယ်လို့ ACID Local PDFရဲ့ ခေါင်းဆောင် ဗိုလ်ဟယ်ရီက  ပြောပါတယ်။

“သာမာန်လက်လုပ်တွေလို တချက်ပစ် တထောင့်ထည့် တခါမောင်းတင်တာမျိုးမဟုတ်ဘဲ တချက်တင် တချက်ပစ် စနိုက်ပါပုံစံ ထုတ်လုပ်ထားပါတယ်။ အခုလို ထုတ်လုပ်နိုင်ဖို့ အချိန် ၃ လလောက် စမ်းသပ်ခဲ့ရတာ။ တနိုင်ငံလုံးက ဒေသကာကွယ်ရေး တပ်တွေကိုလည်း နည်းပညာဖြန့်ဝေဖို့ အသင့်ရှိတယ်” 

ACID Local အဖွဲ့ဟာ ဒေသခံကာကွယ်ရေးတပ်တခုဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရဆီက ထောက်ပံ့မှု တစုံတရာ မရဘူးလို့ သိရပါတယ်။

3 mins Ago

September 16, 2021

ဖျာပုံမြို့တွင် အမျိုးသား ၁ ဦး လက်လုပ်သေနတ်များဖြင့် ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့၊ အမှတ် ၁၆ ရပ်ကွက်မှာ  စက်တင်ဘာ ၁၄ ရက်နေ့က အမျိုးသား ၁ ဦး လက်လုပ်သေနတ်တွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ပုဒုမ္ပာလမ်းမှာနေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် ကိုသန်းဝင်းအောင်ကို စစ်တပ်နဲ့ ရဲက ဝင်ရောက်ရှာဖွေပြီး လက်လုပ်သေနတ်တွေနဲ့အတူ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

"သူက ငါးဒိုင်ဖွင့်ထားတာ သူအိမ်ကို ဝင်စီးပြီး သူ့ကိုဖမ်းသွားတာ လက်လုပ်သေနတ်တွေနဲ့ မိတာဆိုပြီး သတင်းလွှင့်ထားတယ်။ တကယ် ဟုတ် မဟုတ်တော့ သေချာမသိဘူး''လို့ ဒေသခံတဦးက ပြောပါတယ်။

ငါးဒိုင်ဖွင့်ထားသူ ကိုသန်းဝင်းအောင်ကို ဂက်စ်ပစ္စတို ၁ လက်၊ ဂျင်ကလိ ၈ ချောင်း၊ ဓား ၉ ချောင်း၊ သံဘောစိ ၄၅ လုံး၊ ဖန်ဂေါ်လီ ၂၀ လုံး၊ လေးဂွ ၂ လက်တို့နဲ့အတူ ဖမ်းမိထားတာလို့ ရဲကြေးနန်းမှာ ဖော်ပြထားပါတယ်။

ဇလွန်မြို့မှာ ငါးကန်လုပ်ငန်းလုပ်ကိုင်နေသူ ၅ ဦးကိုလည်း စက်တင်ဘာလ ၁၄ ရက်နေ့က PDF လို့စွပ်စွဲကာ အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးခဲ့ပါသေးတယ်။

1 year Ago
Up