ပြင်သစ်မြို့တော် ပါရီရဲ့ မြို့တော်ဝန်နဲ့ သမ္မတလောင်းကိုယ်စားလှယ် အန်းဟီဒယ်ဂိုးက လက်ဝဲယိမ်းတွေရဲ့ တန်ဖိုးအတွက် တိုက်ပွဲဝင်သွားမယ်လို့ ဒီဇင်ဘာ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ လက်ယာဝါဒီတွေ လွှမ်းမိုးမယ့် အလားအလာ ရှိတယ်လို့ မီဒီယာတွေက သုံးသပ်ထားတာပါ။
အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေတဲ့ လက်ဝဲဝါဒီတွေကို မစုစည်းနိုင်ခဲ့ပါက ကြီးမားတဲ့ စိန်ခေါ်မှုကို တွန်းလှန်ဖို့ သူ့မှာ အခွင့်အရေးနည်းပါးတယ်လို့ စစ်တမ်းတွေက ညွှန်ပြထားပါတယ်။
ထင်မြင်ချက် စစ်တမ်းတွေအရ လက်ဝဲယိမ်း သမ္မတလောင်း ကိုယ်စားလှယ် ၃ ယောက်ထဲမှာ ဘယ်သူမှ အလယ်အလတ်ဝါဒီ လက်ရှိသမ္မတ အီမန်နျူယယ်မက်ခွန်းနဲ့ မယှဉ်နိုင်ဘူးလို့လည်း ဆိုပါတယ်။
လက်ဝဲဝါဒီ သမ္မတလောင်း ကိုယ်စားလှယ် တယောက်နေရာ ပိုကောင်းကောင်း ရစေရေး ထောက်ပံ့တဲ့အနေနဲ့ ရွေးကောက်ပွဲကနေ နုတ်ထွက်ဖို့ လိုလားမလားဆိုတာနဲ့ ပတ်သက်ပြီး ၃ ယောက်စလုံး ဘယ်သူကမှ အရင်က မှတ်ချက်မပေးဖူးပါဘူး၊
သူဟာ လက်ယာစွန်းသမ္မတလောင်း ကိုယ်စားလှယ် မာရင်းလွေပန့်ကို ရင်ဆိုင်ရမယ့် အလားအလာရှိတယ်လို့လည်း မီဒီယာတွေက သုံးသပ်ပါတယ်။
၂၀၁၇ မှာ မက်ခွန်းသမ္မတအဖြစ် ရွေးကောက်ခံဖြစ်မလာခင်က ပြင်သစ်မှာ အားအကောင်းဆုံး ပါတီဖြစ်တဲ့ ဆိုရှယ်လစ်ပါတီဟာ လွှတ်တော်နှစ်ရပ်စလုံးကိုရော သမ္မတရုံးကိုပါ ထိန်းချုပ်ထားခဲ့တာပါ။
ဒါပေမဲ့ မက်ခွန်းကတော့ ပြင်သစ်နိုင်ငံရေးအခင်းအကျင်းကို ပြုပြင်ပြောင်းလဲခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။