ပြင်သစ်နဲ့ မန်ယူနောက်ခံလူဟောင်း ပတ်ထရစ်အီဗရာဟာ လာမယ့် ဧပြီ ၃ဝ ရက်နေ့မှာ ပထမဆုံး လက်ဝှေ့ပွဲစဉ်အနေနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာပါ။
လန်ဒန်မြို့မှာရှိတဲ့ O2 အားကစားရုံမှာ ထိုးသတ်မယ့် လက်ဝှေ့ပြိုင်ပွဲမှာ အီဗရာက အမေရိကန်နိုင်ငံသား ဆယ်လီတဦးဖြစ်သူ အဒမ်ဆာ လက်နဲ့ ထိုးသတ်သွားမှာပါ။
အဒမ်ဆာလက်ဟာလည်း အပျော်တမ်းလက်ဝှေ့သမားတဦးဖြစ်ပေမယ့် အီဗရာထက် အရင် လက်ဝှေ့ထိုးနေတာဖြစ်ပြီး စုစုပေါင်း ၃ ပွဲမှာ ၂ ပွဲနိုင် ၁ ပွဲသရေ ကျထားတာပါ။
အသက် ၄ဝ ရှိ အီဗရာဟာ ၂၀၁၉ ခုနှစ်က ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပြီး အဲနှစ်ကတည်းက လက်ဝှေ့ထိုးသတ်ဖို့အတွက် လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
လက်ဝှေ့သမားတွေကို အလွန်လေးစားပြီး ပထမဆုံးအကြိမ် ထိုးသတ်ရမယ့် ပွဲစဉ်အတွက် စိတ်လူပ်ရှားနေမိတယ်လို့ အီဗရာက ပြောပါတယ်။
“လက်ဝှေ့ဆိုတာ ပါဝါ နဲ့ ခွန်းအားပဲလိုတာမဟုတ်ပါဘူး။ နည်းစနစ်ပိုင်းနဲ့ ဗျူဟာတွေလည်း လိုပါတယ်။ ကျနော်စိတ်အဝင်စားဆုံးက နည်းစနစ်ပိုင်းပါ။ လက်ဝှေ့လေ့ကျင့်တဲ့ပုံစံက ဘောလုံးနဲ့ သိသိသာသာကွဲပြားပါတယ်။ ကျနော့်အနေနဲ့ အကောင်းဆုံး ကြိုးစားလေ့ကျင့်ရင်း ပုံမှန်လူနေမှုဘဝကနေ ရုန်းထွက်ပြီး ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်မှု လုပ်ခဲ့တာပါ” လို့ အီဗရာက ပြောပါတယ်။
အီဗရာပါဝင်ထိုးသတ်မယ့် လက်ဝှေ့ပွဲမှာ တခြားတွဲဆိုင်း ၁၁ ပွဲလည်း ပါဝင်ထိုးသတ်ကြမှာဖြစ်ပါတယ်။