close

လင်မယား ၂ ဦး ဖမ်းခံရ

close

July 11, 2021

ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာနေ လင်မယား ၂ ဦး ဖမ်းခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးရွာက လင်မယား နှစ်ယောက်ကို ဇူလိုင် ၁၀ ရက်က  ရဲနဲ့စစ်တပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံရွာသားတွေဆီကနေ သိရပါတယ်။

ကျောင်းကုန်းကြီးရွာက ဒလန်တွေက သတင်းပေးတာကြောင့် ရဲနဲ့စစ်တပ် အင်အား ၅၀ လောက်ရောက်လာပြီးတော့ တောနင်းရှာဖွေကာ ကိုဘိုညွှန့်နဲ့ မခင်မျိုးလင်းတို့ လင်မယား နှစ်ယောက်ကို ဖမ်းဆီးသွားသလို ရွာသား ကိုလှဝင်းအေးရဲ့ ကိုရိုလာကား အဖြူတစ်စီးကို လည်း သိမ်းသွားတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အဆိုပါ ရွာသားလင်မယားနှစ်ယောက်ကို ဘာကြောင့် လာဖမ်းတယ်၊ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ 

ဒါ့အပြင်ကိုလှဝင်းအေးရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ လူမတွေ့တာကြောင့် ဘထ္ထရီအိုး နှစ်လုံးနဲ့ IPM စလောင်းဘန်းတွေကို ဖြုတ်သိမ်းသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာမှာရှိတဲ့ ပြည်သူ တချို့ရဲ့ ဖုန်းတွေ ၊ဆိုင်ကယ်တွေကို သိမ်းဆည်းကာ စစ်ဆေးပြီး ပစ္စည်းတွေကိုတော့ ပြန်ပေးခဲ့တယ်လို့ပြောပါတယ်။

ကျောင်းကုန်းကြီးကျေးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးခင်မောင်ဆန်းရဲ့ သတင်းပေးမှုကြောင့် ရဲနဲ့ စစ်တပ်တွေ ရွာကို မကြာခဏဝင်မွှေလေ့ရှိပြီး အပြစ်မဲ့ ပြည်သူတွေ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

7 mins Ago
Up