close

လင်းဇင်းနယ်မြေရဲစခန်း

close

October 31, 2022

စလင်းမြို့နယ် လင်းဇင်းနယ်မြေရဲစခန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းနယ်မြေရဲစခန်းကို အောက်တိုဘာ ၃၀ ရက် မနက် အစောပိုင်းမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (အနောက်ပိုင်းတိုင်း)က သိရပါတယ်။

လင်းဇင်းနယ်မြေရဲစခန်းကို မနေ့ မနက် ၂ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (အနောက်ပိုင်းတိုင်း) စလင်းတပ်ခွဲက စခန်းမှူးရဲ့ အိပ်ဆောင်ထဲ ဝင်ပြီး မိုင်း ၂ လုံး ထောင်ကာ အဝေးထိန်းစက်နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (အနောက်ပိုင်းတိုင်း) က တပ်ရင်းမှူး ဗိုလ်လျှပ်စီးက ပြောပါတယ်။

“ရဲဘော်လေးတွေ ဝင်ပြီး မိုင်းထောင်ခဲ့တဲ့နောက် ဖောက်ခွဲ တိုက်ခိုက်ရာမှာ မိုင်း နှစ်လုံးစလုံး ပေါက်ကွဲပေမဲ့ ရဲတွေရဲ့ သေဆုံးဒဏ်ရာရတဲ့ အခြေနေကို အတိကျမသိရသေးဘူး။ ကျနော်တို့က အထိအခိုက် မရှိ ဆုတ်ခွာခဲ့တယ်”

ခုလို မိုင်းဆွဲ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့   ရဲတွေ ထိခိုက်သေဆုံးတဲ့ အခြေအနေကို သီးခြား အတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

3 hours Ago
Up