close

လင်းထက်ထက်ကျော်

close

October 14, 2021

Miss Earth 2021 ပြိုင်ပွဲ မြန်မာအလှမယ်လင်းထက်ထက်ကျော် ဝင်ပြိုင်မည်

အခုနှစ်ရဲ့ Miss Earth 2021 အလှမယ်ပြိုင်ပွဲမှာတော့ မြန်မာအလှမယ် လင်းထက်ထက်ကျော်က နိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

အလှမယ် လင်းထက်ထက်ကျော်ဟာ  အလှမယ် Title ဆုတွေ ဖြစ်တဲ့ Miss Universe Myitkyina 2019 Winner ၊ Miss Universe Myanmar 2019 4th runner up ဆုနဲ့ World Beauty Queen 2019 ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖူးတဲ့ အတွေအကြုံရှိ အလှမယ်တယောက်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတင်ကာ Miss Earth Myanmar အလှမယ်ပြိုင်ပွဲတွေကို ကျင်းပလာခဲ့တာဖြစ်ပြီး မြန်မာကိုယ်စားပြုအလှမယ်တွေအဖြစ် အိမွန်ခိုင်၊ အိမ့်မြတ်ခြယ်၊ နန်းခိုင်ရွှေဝါဝင်း၊ တင်စန္ဒာမျိုး၊ ချောရူပါသက်၊ မေသဒ္ဒါကို၊ အမရာရွှန်းလဲ့တို့ ရရှိခဲ့ကြပါတယ်။

56 seconds Ago
Up