close

လင်းလင်း

close

May 7, 2023

အဆိုတော်လင်းလင်း ရိုက်ကူးသည့် ဂီတရုပ်ရှင်-The Way နိုင်ငံတကာရုပ်ရှင်ဆု ၃ ဆု ထပ်မံရရှိ

အဆိုတော်လင်းလင်း ရိုက်ကူးတဲ့ ဂီတရုပ်ရှင်-The Way  ဟာ Festigious နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဂီတရုပ်ရှင် (Best Musical/Dance Film) ဆုအပါအဝင် ဆု ၃ ဆု ထပ်မံရရှိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေး မျက်နှာစာ​ပေါ် ဘာမှ မလှုပ်ရှားရ​သေးတဲ့ Musical Film အနေနဲ့ ရိုက် ကူးထားတဲ့ ဒီရုပ်ရှင်ဟာ နာမည်ကြီး ပြင်သစ် ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Cannes World Film Festival မှာလည်း “Best Mobile Feature Film Award” ရရှိခဲ့တာ ဖြစ်ကာ ပြည်သူ့ အချစ်တော် သရုပ်ဆောင် ဒေါင်းနဲ့ ချစ်သုဝေတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ နွေဦးတော်လှန်ရေးရန်ပုံငွေ ဇာတ်လမ်းတို “စမှတ်” ရုပ်ရှင်ကတော့ “Best Educational Film Award” ဆု ရရှိထားခဲ့တာပါ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ သရုပ်ဆောင် ချစ်သုဝေက “ကိုလင်းရဲ့ တကယ့် field ဖြစ်တဲ့ musical နဲ့မို့ အရမ်း​ပျော်သလို သူ ပထမဆုံး feature​ လေးမို့ အမှတ်တရ ဖြစ်ရတာမို့ပါ🤍🕊ဒီ​နေ့​တော့ ​ပျော်ခွင့် ကြွားခွင့်​ပေး… ဆု​သေး​သေးဖြစ်ဖြစ် ကြီးကြီး ဖြစ်ဖြစ်🤣Our Team is on Cloud nine🎉🎉🎉” လို့ ပြောပါတယ်။

Festigious နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကတော့ ကမ္ဘာတဝန်းက အင်ဒီရုပ်ရှင်ရိုက်ကူးသူ တွေကို မြှင့်တင်ပေးနိုင်ဖို့နဲ့ ကျားမတန်းတူညီမျှမှုရရှိရေးတို့အတွက် လစဉ်ပြိုင်ပွဲတွေ ပြု လုပ်ပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင် တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ရာမှာ သရုပ်ဆောင် ဒေါင်း၊ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံ အပါအဝင် အနုပညာရှင်တွေများစွာ ပါဝင်ခဲ့ကြပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရကာ ထောင်ဒဏ် ပြစ်ဒဏ်အသီးသီးချမှတ်ခံရသူတွေလည်း ရှိနေပါတယ်။

လတ်တလောမှာတော့ နွေဦးတော်လှန်ရေး ခရီးကြမ်း ၂ နှစ်ကျော် ကာလတွေအတွင်းမှာ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်တွေဟာ ပြည်သူ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ်ရာမှာ တတ်စွမ်းသမျှ တော်လှန်အနုပညာ စွမ်းအားနဲ့ တတပ်တအား ပါဝင်နေကြတာ ဖြစ်ပါတယ်။

မိုဘိုင်းလ်ဖုန်းနဲ့သာ ဖန်တီးထားတဲ့ အဆိုတော်လင်းလင်းရဲ့ The Way ရုပ်ရှင်ဟာ Festigious နိုင်ငံတကာရုပ်ရှင်ပြိုင်ပွဲမှာ အကောင်းဆုံးဂီတရုပ်ရှင် (Best Musical Film) ဆုအပါအဝင် အကောင်းဆုံး ပထမအကြိမ်ရုပ်ရှင်ဒါရိုက်တာဆု Best First Time Director (Feature)နဲ့ အကောင်းဆုံးသီချင်းဆု (Best Song) တွေကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။

8 mins Ago

October 20, 2020

ခင်လှိုင်၊ လင်းလင်း၊ မထက်တို့နှင့် ပရိသတ်များပါ လှူဒါန်းနိုင်မည့် “လက်တွဲအတူ ကိုဗစ်အလှူ” ကျင်းပမည်

        ပရိသတ် အချစ်တော် ဟာသ သရုပ်ဆောင်ခင်လှိုင်နဲ့ နာမည်ကြီး အလှဖန်တီးရှင်တွေ ဖြစ်ကြတဲ့ လင်းလင်း၊ မထက်တို့ ပါဝင်ကြမယ့် “လက်တွဲအတူကိုဗစ်အလှူ” အွန်လိုင်း လိုက်ဖ်တွေ့ဆုံပွဲကို အခုည ၇ နာရီမှာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။         ဒီအစီအစဉ်ကတော့ Myanmar Media 7 က စီစဉ်ပြီး လက်ရှိဖြစ်ပွားနေတဲ့  ကပ် ရောဂါဘေးကြောင့် ခက်ခဲတဲ့ နေရာတွေကို လှူဒါန်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပရိသတ်အ ချစ်တော် အနုပညာရှင်တွေနဲ့ ပူးပေါင်းတင်ဆက်လိုက်တဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။ ခင်လှိုင်၊ လင်းလင်း၊ မထက်တို့နဲ့ ပရိတ်သတ်တွေ ရင်းရင်းနှီးနှီး အွန်လိုင်းလိုက်ဖ် အနေနဲ့ တွေ့ဆုံကြမယ့် ဒီအစီ အစဉ်မှာတော့ ပရိသတ်တွေက ကိုယ်ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တွေနဲ့ တွေ့ဆုံ စကားပြောကြရင်း ပူးပေါင်းအလှူငွေပါဝင်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။ ဒီကနေ့ရဲ့ လိုက်ဖ်အစီအစဉ်ကတော့ ၄ ကြိမ်မြောက်ရှိပြီဖြစ်ကာ ပထမဆုံးသော “လက်တွဲအတူ ကိုဗစ်အလှူ” အွန်လိုင်းလိုက်ဖ်အစီအစဉ်ကိုတော့ နာမည်ကြီး သရုပ် ဆောင် ၂ ယောက်ဖြစ်တဲ့ ရန်အောင်၊ ထက်ထက် မိုးဦးတို့နဲ့ စတင်ခဲ့ပြီး ပစ္စည်းနဲ့ ငွေစုစု ပေါင်းတန်ဖိုးကျပ်သိန်း ၁၁၀ ကျော် ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီနောက် အောက်တိုဘာ ၁၆ ရက်နေ့က သဘင်ညီအစ်ကိုတွေဖြစ်ကြတဲ့ တင် မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်းတို့ လိုက်ဖ်မှာတော့ အလှူငွေစုစုပေါင်း ၃၅ သိန်းကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကတော့  ဟာသ,သရုပ်ဆောင်ကေညီ၊ အလှ ဖန်တီးရှင် ခင်စန်းဝင်း၊ သုသုတို့နဲ့ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အလှူရှင်တွေ လှူဒါန်းတဲ့ ပစ္စည်းတွေနဲ့ လှူဒါန်းငွေတွေကိုတော့ Myanmar Media 7 ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ဖော်ပြပေးနေတာ ဖြစ်ပါတယ်။ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ အောက်တိုဘာ ၁၉ ရက်နေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၃၇,၂၀၅ ယောက်၊ သေဆုံးသူ ၉၁၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၇,၅၆၈ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ် လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူး စက်မှုတွေ ရှိလာခဲ့အပြီးမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်နေပါတယ်။
3 years Ago
Up