close

လစဉ်ကြေးကောက်

close

February 23, 2023

ဖေ့စ်ဘွတ်ခ်က လစဉ်ကြေးပေးသွင်းရမည့် အစီအစဉ်ကို သြစတြေးလျနှင့် နယူးဇီလန်တို့တွင် စတင်မည်

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ရဲ့ မိခင်ကုမ္ပဏီ မက်တာဟာ သုံးစွဲသူတွေရဲ့အကောင့်ကို အတည်ပြုတဲ့ အပြာရောင် အမှန်ခြစ်သင်္ကေတ ရယူနိုင်မယ့် လစဉ်ကြေးပေးသွင်းမှုဆိုင်ရာ ဝန်ဆောင်မှုအစီအစဉ်ကို သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့မှာ ဒီတပတ်နှောင်းပိုင်း စတင်အသုံးပြုနိုင်တော့မယ်လို့ ကုမ္ပဏီ စီးအီးအိုဖြစ်သူ မာ့ခ် ဇူကာဘတ်က ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။

ဒီအစီအစဉ်ထဲမှာ အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွေက ပုံစံတူ အယောင်ဆောင်မှုတွေကို ပိုမိုအကာအကွယ်ပေးမှာဖြစ်ပြီး လစဉ်ကြေးအနေနဲ့ ဝက်ဘ်ဆိုက်မှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉၉ ကျသင့်ကာ IOS နဲ့ Android စနစ်တွေမှာတော့ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၉၉ အထိ ပေးသွင်းရမှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ခံတွေကတော့ ဒီအစီအစဉ်အပေါ် ယုံကြည်လက်ခံမှုမရှိသလို အဲ့ဒီအတွက်လည်း ငွေပေးမှာမဟုတ်ဘူးလို့ ဖေဖော်ဝါရီ ၂၁ ရက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒါဟာ နောက်ထပ် လူမှုကွန်ရက်ကုမ္ပဏီတခုဖြစ်တဲ့ တွစ်တာက အသိအမှတ်ပြု အမှန်ခြစ်သင်္ကေတအတွက် လစဉ်ကြေးအဖြစ် ၁၁ ဒေါ်လာ ကောက်ခံမယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီးနောက် မက်တာကုမ္ပဏီကလည်း ဒီဝန်ဆောင်မှုအစီအစဉ်အသစ်ကို ချက်ချင်း မိတ်ဆက်လာခဲ့တာပါ။

တခြား လူမှုကွန်ရက်အက်ပ်တွေ ဖြစ်ကြတဲ့ Snapchat နဲ့ တယ်လီဂရမ်တို့ကလည်း ဘဏ္ဍာရေးရင်းမြစ်အသစ်အဖြစ် ငွေပေးချေဝယ်ယူနိုင်တဲ့ ဝန်ဆောင်မှုတွေကို ပြီးခဲ့တဲ့နှစ်ကမှ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

3 hours Ago
Up