close

လစ်ဇ်ချေနီး

close

August 18, 2022

ဒေါ်နလ်ထရမ့်ပ် ပြောဆိုချက် အလိမ်အညာများသာဖြစ်ဟု ရီပတ်ဘလီကန်အမတ် လစ်ဇ်ချေနီး ဝေဖန်

ဖလော်ရီဒါနေအိမ်ကို FBI အေးဂျင့်တွေရဲ့ ရှာဖွေမှုဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်ကြောင်း သမ္မတဟောင်း ဒေါ်နလ်ထရမ့်ပ်ရဲ့ ပြောဆိုချက်တွေဟာ အလိမ်အညာတွေဖြစ်တယ်လို့ ရီပတ်ဘလီကန်အမတ် လစ်ဇ်ချေနီးက ပြောကြားလိုက်ပါတယ်။ 

လစ်ဇ်ချေနီးဟာ သြဂုတ်လ ၁၆ ရက်ညပိုင်းက ပြုလုပ်တဲ့ ပြည်နယ်ကိုယ်စားပြု ကာလလယ် ရွေးကောက်ပွဲမှာ ရှုံးသွားခဲ့ပြီးနောက် ထရမ့်ပ်ကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက် ပြောကြားလိုက်တာပါ။ 

ဇန်န၀ါရီလ ၆ ရက်က အမေရိကန်လွှတ်တော်အဆောက်အဦကို ဝင်စီးနင်းခဲ့မှုအပေါ် ကွန်ဂရက်လွှတ်တော် စုံစမ်းစစ်ဆေးမှုမှာ ထင်ရှားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ချေနီးဟာ ထရမ့်ပ် ကျောထောက်နောက်ခံပေးထားတဲ့ သူ့ပြိုင်ဘက်ကို  ရှုံးနိမ့်ခဲ့တာပါ။ 

ယှဉ်ပြိုင်ပွဲမှာ ရှုံးနိမ့်မှုကို ဝန်ခံရင်း ချေနီးက သူဟာ ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သမ္မတ ထရမ့်ပ်ရဲ့ အလိမ်အညာတွေနောက် လိုက်ပေးဖို့ ဆန္ဒမရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

“ကျမတို့ရဲ့ ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းဖို့နဲ့ နိုင်ငံရဲ့အခြေခံအုတ်မြစ်တွေကို တိုက်ခိုက်ဖို့ သူ လုပ်ဆောင်နေတာ အဲဒီလမ်းကြောင်းကို ကျမ ဆက်မလျှောက်နိုင်ဘူး”လို့ ချေနီးက သူ့ထောက်ခံသူ လူအုပ်စုကို ပြောခဲ့တာပါ။

လစ်ဇ်ချေနီးဟာ သူ့ကိုယ်သူ ရှက်သင့်ကြောင်း၊ တခြားသူတွေအပေါ် သူ့အပြုအမူတွေ၊ ရန်ငြိုးတကြီး သူသိသူတတ် ပြောစကားတွေနဲ့ လုပ်ရပ်တွေကို ရှက်သင့်တယ်လို့ ဒေါ်နယ်ထရမ့်ပ်က သူပိုင် Truth  လူမှုကွန်ရက်ကနေ  ပြောထားပါတယ်။

1 min Ago
Up