close

လည်ပတ်

close

April 28, 2023

အသင်းဟောင်းပီအက်စ်ဂျီ လေ့ကျင့်ရေးကွင်းဆီ ဒေးဗစ်ဘက်ခမ်း သွားရောက်လည်ပတ်

အင်္ဂလန်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ဧပြီ ၂၇ ရက်က အသင်းဟောင်း ပီအက်စ်ဂျီ လေ့ကျင့်ရေးကွင်းဆီကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

ဘက်ခမ်းဟာ ပီအက်စ်ဂျီအသင်းရဲ့ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ အမ်ဘာပေ၊ ရာမို့စ်တို့နဲ့ ဓာတ်ပုံအတူတွဲရိုက်ခဲ့သလို အသင်းသား ၂၄ ဦးနဲ့လည်း စုပေါင်းဓာတ်ပုံရိုက်ခဲ့ပါတယ်။

အသက် ၄၇ နှစ်ရှိ ဘက်ခမ်းဟာ ကစားသမား ဘဝက ပီအက်စ်ဂျီအသင်းမှာ နောက်ဆုံးကစားခဲ့ပြီး အနားယူခဲ့တာပါ။

အဲဒီတုန်းကအသင်းမှာ အတူတွဲဖက် ကစားခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာ ကွင်းလယ်လူ ဗာရက်တီတစ်ဦးသာ ပီအက်စ်ဂျီအသင်းမှာ ကျန်ရှိတော့တာပါ။

ဘက်ခမ်းဟာ ကျောနံပါတ် ၃၂ ရိုက်နှိပ်ထားတဲ့ ဘက်ခမ်းအမည်ပါ ဂျာစီနဲ့အတူ နောက်ခံလူ မာကွင်ဟိုနဲ့လည်း အတူဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။

ဘက်ခမ်းဟာ ၂၀၁၃ ခုနှစ်က ပီအက်စ်ဂျီအသင်းမှာ ၅ လစာချုပ်နဲ့ စုစုပေါင်း ၁၄ ပွဲကစားခဲ့ပြီး ပြင်သစ်လိဂ်ချန်ပီယံရယူနိုင်ခဲ့ပါတယ်။  

6 mins Ago

August 20, 2020

မာလီအာဏာသိမ်းစစ်ခေါင်းဆောင်များ အစိုးရယန္တရားလည်ပတ်နိုင်ရေး ဆွေးနွေး

မာလီအာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ နေရာလစ်လပ်နေတဲ့ ဝန်ကြီးဌာနတွေက  အထွေထွေအတွင်းရေးမှူးတွေနဲ့ သြဂုတ်လ ၁၉ ရက်က မြို့တော်ဘမ်မာကိုမှာ တွေ့ဆုံပြီး  အစိုးရအဖွဲ့  ဆက်လည်ပတ်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။  မာလီအာဏာသိမ်းအဖွဲ့ဖြစ်တဲ့ ပြည်သူကယ်တင်ခြင်းအမျိုးသားကော်မတီ CNSP က  သင့်တော်တဲ့ ကာလမှာ ရွေးကောက်ပွဲ ပြုလုပ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။   CNSP ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မှူးကြီး  အက်ဆီမီ ဂိုအင်တာက သူတို့ဟာ အစိုးရကို  စီးပွားရေး၊ လူမှုရေးနဲ့လုံခြုံရေးပြဿနာတွေက  ကယ်ထုတ်ဖို့ အထွေထွေအတွင်းရေးမှူးတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။  သမ္မတ ကေတာ ရာထူးက ပြုတ်ကျလို့ ဆာဟယ်ဒေသ မတည်မငြိမ် ဖြစ်မှာကို စိုးရိမ်ပြီး  အာဖရိကယူနီယံနဲ့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ECOWAS) အဖွဲ့အစည်း နှစ်ခုလုံးက  မာလီနိုင်ငံကို အဖွဲ့ဝင်အဖြစ်က ယာယီဆိုင်းငံ့ခဲ့ပါတယ်။  သြဂုတ် ၁၉ ရက်မှာပဲ ကုလလုံခြုံရေးကောင်စီက မာလီစစ်အာဏာသိမ်းမှုကို ပြစ်တင် ရှုတ်ချလိုက်ပြီး အစိုးရအရာရှိတွေကို ပြန်လွှတ်ပေးဖို့နဲ့ စစ်သားတွေ စစ်တန်းလျားပြန်သွားဖို့  တိုက်တွန်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up