close

လန်ဒန်မြို့

close

September 16, 2022

လန်ဒန်မြို့လယ်တွင် ရဲအရာရှိ ၂ ဦး ဓားထိုးခံရ

လန်ဒန်မြို့လယ်မှာ စက်တင်ဘာ ၁၆ ရက်က ရဲအရာရှိနှစ်ယောက် ဓားထိုးခံခဲ့ရပြီး လက်ရှိ ဆေးရုံမှာ ကုသမှု ခံယူနေရကြောင်း မြို့တော်ရဲဌာနက ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာပြုလုပ်မယ့် ဘုရင်မကြီး အဲလိဇဘက်ရဲ့ ဈာပနအတွက် ပြင်ဆင်တဲ့အနေနဲ့ လန်ဒန်မှာ လုံခြုံရေး တိုးမြှင့်ချထားချိန် ဒီအဖြစ်အပျက် ထွက်ပေါ်လာတာပါ။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ စက်တင်ဘာ ၁၆ ရက် သောကြာနေ့၊ ၀၆း၀၀ နာရီလောက်က လက်စတာရင်ပြင်မှာ အမျိုးသားတယောက် ဓားနဲ့ထိုးတာကို ရဲတွေ ကြုံခဲ့ရကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ယောက် ဓားဒဏ်ရာတွေ ရရှိခဲ့ပြီးတော့ ဆေးရုံမှာ ကုသမှုခံယူနေကြောင်း ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်ဟာ အကြမ်းဖက်မှုနဲ့ပတ်သက်ခြင်း မရှိသလို အရာရှိ ၂ ယောက်လည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိကြောင်း လန်ဒန်မြို့တော်ဝန် ဆဒစ်ခန်က ဘီဘီစီကို ပြောပါတယ်။

သံသယရှိသူ အမျိုးသားတယောက်ကို ပြင်းထန်တဲ့ ကိုယ်ထိလက်ရောက် ထိခိုက်စေမှု၊ အရေးပေါ်ဝန်ထမ်းကို စော်ကားမှုနဲ့ ဖမ်းဆီးထားကြောင်း သိရပါတယ်။ ဖမ်းမိထားသူကိုလည်း ဆေးရုံပို့ဆောင်ထားပြီး လက်ရှိအချိန်မှာ ကုသဖို့ ကျန်ရှိနေသေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

2 weeks Ago

February 21, 2020

လန်ဒန်မြို့ရှိ ဗလီတခုတွင် ဓားထိုးမှုဖြစ်

လန်ဒန်မြို့က ဗလီတခုမှာ ဖေဖော်ဝါရီ ၂၀ ရက်က အသက် ၇၀ အရွယ် အမျိုးသား တယောက် ဓားထိုးခံပြီးနောက် ရဲတပ်ဖွဲ့က လူတယောက်ကို ဖမ်းဆီးခဲ့ပါတယ်။  အော်သံကြားတဲ့အတွက် ဓားနဲ့တိုက်ခိုက်တာကို သိခဲ့ပြီး ဗလီအမှုထမ်းကို  ပခုံးမှာ ဓားတန်း လန်းနဲ့မြင်ခဲ့တယ်လို့ မျက်မြင်တွေ့သူ တယောက်က ပြောပါတယ်။  အဲဒီနောက် ဝတ်ပြုသူအများအပြားက ဓားနဲ့ထိုးသူကို ဝိုင်းချုပ်ကြပြီး ဒဏ်ရာရသူကို သွေးတိတ်အောင်လုပ်ကာ ရဲအလာကိုစောင့်ဆိုင်းခဲ့တယ်လို့ ရှင်းပြပါတယ်။   ဓားနဲ့ တိုက်ခိုက်သူဟာ   အသက် ၂၉ နှစ်ရွယ် အမျိုးသားဖြစ်ပြီး  ရဲတပ်ဖွဲ့က သူ့ကို ဗလီထဲ ဝင်ရောက်ဖမ်းခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။  ဓားထိုးခံရသူ  အမျိုးသားအခြေအနေဟာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိဘူးလို့လည်း လန်ဒန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။  တွစ်တာမှာတင်တဲ့  ဓာတ်ပုံတွေမှာတော့ ရီးဂျန့်စ်ပါ့ခန်အနီး ဗလီဝတ်ကျောင်းထဲကနေ လူတယောက်ကို ရဲတွေ ခေါ်ဆောင်သွားတာတွေ့ရပါတယ်။  ဓားနဲ့တိုက်ခိုက်မှုဟာ  မွန်းလွဲပိုင်း ဝတ်ပြုချိန်မှာဖြစ်ခဲ့တယ်လို့ ဘီဘီစီသတင်းအရ သိရပါ တယ်။ 
3 years Ago

ဦးနှောက်အကျိတ်ခွဲစိတ်မှုခံယူနေစဉ် တယောထိုးသည့် လူနာ (ရုပ်သံ)

ဦးနှောက်အကျိတ်ခွဲစိတ်မှုခံယူနေစဉ် လူနာက တယောထိုးတဲ့ ပထမဆုံး ဖြစ်ရပ်တခု ဗြိတိန်နိုင်ငံ လန်ဒန်မြို့ King's College ဆေးရုံမှာ ဇန်နဝါရီလ ၃၁ ရက်က ဖြစ်ခဲ့ပါတယ်။  အသက် ၅၃ နှစ်အရွယ် ဒက်မာတန်နာဆိုသူ အမျိုးသမီးဟာ ဦးနှောက်အကျိတ်ခွဲစိတ်ခံနေချိန်အတွင်း  “မားလာအင်န်ဂါရွှင်း” တေးသွားကို တ‌ယောထိုးခဲ့ ပါတယ်။  အဲဒီအချိန်မှာ ခွဲစိတ်ဆရာဝန်တွေက သူရဲ့ဘယ်လက်လှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ ဦးနှောက် ရှေ့ညာခြမ်းက အကျိတ်ကို ခွဲစိတ်ပေးခဲ့ပါတယ်။  လူနာရဲ့ တယောထိုးစွမ်းရည် ထိခိုက်မှာကို ကာကွယ်တဲ့အနေနဲ့ ဦးခေါင်းခွံကိုဖွင့်ပြီး လူနာတယောထိုးနေချိန်မှာ ခွဲစိတ်ဖို့ အစီစဉ်ဆွဲခဲ့တယ်လို့ ပါမောက္ခ ကီယိုမား အက်ရှ်ခန်က ရှင်းပြခဲ့ပါတယ်။  ခွဲစိတ်နေချိန်မှာတော့ တန်နာဟာ ဂီတပညာရှင် ဂတ်စတပ်မားလာ၊ ဂျော်ချ်ဂါရွှင်းတို့ရဲ့ ဂန္ထဝင်ဂီတ "Summertime" တေးသွားကို တီးခတ်ခဲ့ပါတယ်။  ဒါဟာ ပထမဆုံးအကြိမ် တယောထိုးနေရင်း  ခွဲစိတ်မှု လုပ်တာဖြစ်တယ်လို့ ပါမောက္ခ အက်ရှ်ခန်က ပြောပါတယ်။  ခွဲစိတ်မှုဟာ အောင်မြင်ပြီး အန္တရာယ်ရှိ အစိတ်အပိုင်းအပါအဝင်  အကျိတ်ရဲ့ ၉၀ ရာခိုင်နှုန်း ကျော်ကို ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ အက်ရှ်ခန်က ပြောပါတယ်။  တန်နာကလည်း တယောထိုးတာဟာ ၁၀ နှစ်သမီးကတည်းက  သူ့ဝါသနာ ဖြစ်တယ်လို့ ပြောပြီး ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
3 years Ago
Up