ဂျပန်နိုင်ငံရဲ့ ဟာကူတို-အာ (Hakuto-R) အာကာသယာဉ်ဟာ ရက်ပေါင်း ၁၀၀ ကြာအောင် ခရီးနှင်ပြီးတဲ့နောက် လမျက်နှာပြင်ပေါ် ဆင်းသက်နိုင်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ လရဲ့ နောက်ဆုံးပတ်လမ်းကြောင်းကို သွားပြီးတဲ့နောက်မှာ အရှိန်လျော့သွားပြီး အချက်ပြမှု ပြတ်တောက်သွားခဲ့ပါတယ်။
Ispaceရဲ့ စီအီးအို တကဲရှိ ဟာကာမာဒါက “လမျက်နှာပြင်ပေါ်ဆင်းသက်တာ ပြီးအောင်မစွမ်းဆောင်နိုင်ဘူးလို့ ယူဆရမှာပေါ့” လို့ ပြောပါတယ်။
လပေါ်ကိုဆင်းသက်မယ့်ယာဉ်ဟာ ယူအေအီးက တည်ဆောက်ထားတဲ့ ရရှစ်ဒ်နဲ့ ဂျပန်နိုင်ငံမှာ တည်ဆောက်ထားတဲ့ ဆန်းသစ်တဲ့ စက်လုံးလှည့်ယာဉ်ဖြစ်တဲ့ ဆိုရာကြူဆိုတဲ့ လဆင်းယာဉ် နှစ်စင်းကို သယ်ဆောင်သွားပါတယ်။
နည်းပညာတိုးတက်လာတာနဲ့ အာကာသလွှတ်တင်မှု ကုန်ကျစရိတ် ကျဆင်းလာတာဟာ လကို စီးပွားဖြစ် ရှာဖွေစူးစမ်းခြင်းရဲ့ လက်တွေ့ကျတဲ့ အလားအလာကို မြှင့်တင်ပေးပါတယ်။
၂၀၁၉ ခုနှစ်မှာ အစ်ရီရယ်လ် စပေ့ဆဲလ်က တီထွင်ထားတဲ့ ကိုယ်ပိုင်မြေဆင်းယာဉ်ဟာ လပေါ်ကို ဆင်းသက်ဖို့ ကြိုးစားတဲ့နေရာမှာ ပျက်ကျခဲ့ပါတယ်။
လာမယ့်နှစ်မှာ Ispace ဟာ ဒုတိယမြောက် ဆင်းသက်ယာဉ်ကို စီစဉ်ထားပြီး တတိယမြောက် ယာဉ်ကိုတော့ လရဲ့ပတ်လမ်းနဲ့ လမျက်နှာပြင်ကို စီပွားရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေ ပို့ဆောင်ဖို့ စီစဉ်ထားပါတယ်။
Source - Sky News