မန်ယူကွင်းလယ်လူ မာတစ်ဟာ အခုနှစ်ရာသီပြီးဆုံးချိန်မှာ အသင်းနဲ့လမ်းခွဲတော့မှာဖြစ်ကြောင်း တရားဝင် ကြေညာသွားပါတယ်။
ဆားဘီးယားသားမာတစ်ဟာ အသင်းနဲ့ ၁၂ လစာချုပ်သက်တမ်း ကျန်ရှိသေးပေမယ့် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။
မန်ယူနိုက်တက်လို ထိပ်တန်းအသင်းကြီးမှာ ကစားခွင့်ရတာက ဂုဏ်ယူစရာဖြစ်ပြီး အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ရှိတယ်လို့ မာတစ်က အင်စတာဂရမ်ကနေ ရေးသားခဲ့ပါတယ်။
“ဒီရာသီဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ နောက်ဆုံးရာသီဖြစ်မယ်လို့ ကျနော်ဆုံးဖြတ်ပြီးပါပြီ။ ဒီဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့၊ မန်နေဂျာနဲ့ ကစားသမားတွေကိုလည်း ပြောပြပြီးသွားပါပြီ။ ရာသီကုန်ဆုံးချိန်ထိ တိုင်အောင် အစွမ်းကုန် ပေးဆပ်ကစားပေးသွားပါမယ်။ အသင်းဖော်တွေကို ကျနော်တက်နိုင်သမျှ ကူညီပေးသွားချင်ပါသေးတယ်” လို့ မာတစ်က ပြောပါတယ်။
အသက် ၃၃ နှစ်ရှိမာတစ်ဟာ ၂၀၁၇ ခုနှစ်က ချဲလ်ဆီးကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပြိုင်ပွဲစုံမှာ ၁၈၃ ပွဲကစားထားပါတယ်။ ဘင်ဖီကာ၊ ချဲလ်ဆီး အသင်းတွေမှာ ဆုဖလား ၅ လုံးရရှိခဲ့တဲ့ မာတစ်ဟာ မန်ယူအသင်းမှာတော့ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားမှာ ဒုတိယဆုတွေရခဲ့တာက အမြင့်ဆုံးအောင်မြင်မှုဖြစ်ခဲ့ပါတယ်။