close

လမ်းများပိတ်

close

December 31, 2022

ဘိုလီးဗီးယားတွင် ဆန္ဒပြသူများက လမ်းများပိတ်ပြီး ကားများကို မီးရှို့

ဘိုလီးဗီးယားနိုင်ငံ ဆန်တာခရုဇ်ပြည်နယ်ရဲ့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး လက်ယာယိမ်း အတိုက်အခံ ခေါင်းဆောင် လူးဝစ် ဖာနန်ဒို ကာမာချိုကို ဖက်ဒရယ်အစိုးရက ဖမ်းဆီးပြီးနောက် ၂၄ နာရီကြာ ဆန္ဒပြသပိတ်မှောက်မှုမှာ ဆန်တာခရုဇ်က ဆန္ဒပြသူတွေဟာ အဆောက်အအုံတွေကို တိုက်ခိုက်ပြီး ကားတွေကို မီးရှို့တဲ့အပြင် လမ်းမတွေနဲ့ အဝေးပြေးလမ်းတွေကို ညတွင်းချင်း ပိတ်ဆို့ခဲ့ကြပါတယ်။ 

ညဘက်မှာတော့ ခရိုင်မြို့တော်ရဲ့ အစိတ်အပိုင်းတွေမှာ ဆန္ဒပြသူတွေဟာ ကားတွေနဲ့ တာယာတွေ ကို မီးရှို့ခဲ့ကြပါတယ်။ 

ဆန္ဒပြသူတွေဟာ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲဖို့ ကြိုးပမ်းခဲ့တဲ့  ရဲတွေဆီကို မီးရှူးမီးပန်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ 

ဒီဇင်ဘာ ၃၀ ရက် မနက်အစောပိုင်းမှာတော့ ကမာချိုအား လုံခြုံရေး အမြင့်ဆုံး အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်ပါတယ်။

ဆန်တာခရုဇ်ဒေသရှိ သူ့ရဲ့ချမ်းသာကြွယ်ဝတဲ့ စိုက်ပျိုးရေးအခြေစိုက်စခန်းနဲ့ နိုင်ငံတော်အစိုးရတို့ ကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့တာပါ။ 

ဒီဇင်ဘာ ၂၉ ရက် နှောင်းပိုင်းက ဆန်တာခရုဇ်တခွင်ကို စစ်ဘက်တပ်ဖွဲ့အချို့ ဖြန့်ကျက်ချထား ပေမယ့် ဒီဇင်ဘာ ၃၀ ရက်က လမ်းပိတ်ဆို့မှုတွေကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို အစိုးရက ပြောကြားခြင်းမရှိပါဘူး။

ကမာချိုဟာ ၂၀၁၉ ခုနှစ်က သမ္မတ အီဗို မိုရာလက်စ် နိုင်ငံကနေ ထွက်ပြေးသွားခဲ့တဲ့ နိုင်ငံရေး မငြိမ်မသက်မှုတွေမှာ ပါဝင်ပတ်သက်မှုအတွက် "အကြမ်းဖက်မှု" စွဲချက်နဲ့  ဒီဇင်ဘာ ၂၈ ရက်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တခြားရာဇ၀တ်မှု စွဲချက်များစွာအတွက် စုံစမ်းစစ်ဆေးခံနေရပါတယ်။

ဒီဇင်ဘာ ၂၉ ရက် နှောင်းပိုင်းမှာ ရုံးတင်စစ်ဆေးခြင်း အကြိုထိန်းသိမ်းမှုအဖြစ် ထောင်ဒဏ် ၄ လ ချမှတ်ခဲ့တာပါ။ 

ကမာချိုကတော့ သူ အပြစ်ကင်းစင်တယ်လို့ ချေပထားပြီး သူ့ကိုဖမ်းဆီးမှုဟာ နိုင်ငံရေးအရ ပြန်ပေးဆွဲမှုလို့ ခေါ်ဆိုခဲ့ပါတယ်။ အစိုးရရှေ့နေတွေကတော့ ဒီဖမ်းဆီးမှုဟာ ပြန်ပေးဆွဲခြင်း သို့မဟုတ် နိုင်ငံရေးအရ လှုံ့ဆော်ခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

12 hours Ago

November 3, 2019

အီရတ်ဆိပ်ကမ်းမြို့ အမ်ကာဆူတွင် လူသောင်းချီ လမ်းများပိတ် ဆန္ဒပြ

သွင်းကုန်စားနပ်ရိက္ခာတွေအပေါ်  မှီခိုရတဲ့ အီရတ်နိုင်ငံရဲ့ အဓိကပင်လယ်ကွေ့ဆိပ်ကမ်းမြို့ ဖြစ်တဲ့ အမ်ကာဆူမှာ နိုဝင်ဘာ ၂ ရက်က လမ်းတွေအားလုံးပိတ်ပြီး လူသောင်းချီ ဆန္ဒပြနေကြပါ တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူတို့ကို မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ကျည်အစစ်တွေသုံးပြီး ညလုံးပေါက် ထိန်းချုပ်ဟန့်တားခဲ့တယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး ဆန္ဒပြသူတွေက ဆိပ်ကမ်းဝင်ပေါက်ကို ပိတ်ဆို့ခဲ့တာကြောင့် ဆိပ်ကမ်းလုပ်ငန်းအားလုံး ရပ်သွားခဲ့တာပါ။  ဒီဆိပ်ကမ်းဟာ အီရတ်နိုင်ငံအတွင်း ကောက်ပဲသီးနှံ၊ ဟင်းရွက်ဆီနဲ့ သကြားတို့လို တင်သွင်းကုန်တွေကို လက်ခံရာ ဆိပ်ကမ်းဖြစ်ပါတယ်။ “တာရီအာရင်ပြင်က ဆန္ဒပြသူတွေနဲ့ ကျနော်တို့ တောင်းဆိုချက် အားလုံးတူတူပဲ၊ တာရီအာ ရင်ပြင်က ဆန္ဒပြသူတွေ ရုပ်သိမ်းမှ ဒီဒေသခံတွေလည်း ဆန္ဒပြပွဲကို အဆုံးသတ်ပြီး ဆိပ်ကမ်းကို ပြန်ဖွင့်ပေးမယ်” လို့ ဆန္ဒပြသူ တယောက်က ပြောပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် လူစုခွဲဖို့ ကြိုးစာတာကြောင့် နိုဝင်ဘာ ၂ ရက်နေ့မှာ ဆန္ဒပြသူတွေဟာ ကားတာယာတွေကို မီးရှို့ပြီး ကွန်ကရစ်အရံအတားတွေကို ချထားခဲ့ပါတယ်။  ခုဖြစ်ပွားခဲ့တဲ့ ရုန့်ရင်းဆန်ခတ်မှုအတွင်း လူအယောက် ၃၀ ထက်မနည်း ဒဏ်ရာရတယ်လို့ လုံခြုံရေးနဲ့ ဆေးဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။
3 years Ago
Up