close

လမ်းလျှောက်

close

January 20, 2022

ရုရှားအာကာသယာဉ်မှူး နှစ်ဦး အာကာသစခန်းအပြင်ဘက်၌ ၇ နာရီခန့် လမ်းလျှောက်

ရုရှားအာကာသယာဉ်မှူး နှစ်ဦးဟာ နိုင်ငံတကာအာကာသစခန်း (ISS) ရဲ့အပြင်မှာ ဇန်နဝါရီ ၁၉ ရက်က အာကာသလမ်းလျှောက်ခဲ့ပြီး အနာဂတ်လုပ်ငန်းတွေအတွက် ‘နော်ကာ’ အာကာသ စခန်းငယ် (Nauka Multipurpose Laboratory Module) မှာ စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။  

အာကာသယာဉ်မှူး ‘အန်တွန် ရှာကပလော့ဗ်’ နဲ့ အင်ဂျင်နီယာ ‘ပြွတ်တာ ဒူဘရောဗ်’ တို့က ISS အာကာသစခန်းအပြင်ဘက် အာကာသထဲမှာ ၇ နာရီလောက်နေခဲ့ပြီး ဒီနှစ်ထဲ နောက်ထပ်ရောက်လာမယ့် အာကာသယာဉ်တွေအတွက် လက်ကိုင်တန်း၊ ကေဘယ်လ်ကြိုး၊ အန်တာနာတွေ တပ်ဆင်ပေးခဲ့ပါတယ်။

2 mins Ago

October 22, 2020

လမ်းလျှောက်ပြီး နေရာသစ်ကို ပြောင်းခဲ့သည့် ရှန်ဟိုင်းက သမိုင်းဝင်အဆောက်အအုံ (ရုပ်သံ)

ရှန်ဟိုင်းမြို့က တန်ချိန် ၇,၆၀၀ ရှိတဲ့ သမိုင်းဝင်အဆောက်အအုံတခုဟာ  အထူးပြု လုပ်ထားတဲ့ ရိုဘော့ ခြေချောင်း ၁၉၈ ချောင်းနဲ့  မီတာ ၆၀  လမ်းလျှောက်ပြီး နေရာသစ်ကို သွားခဲ့ပါတယ်။  မူလက လက်ဂီနာမူလတန်းကျောင်းဖြစ်တဲ့ အဲဒီအဆောက်အအုံကို  ၁၉၃၅ ခုနှစ်က တည်ဆောက်ခဲ့တာပါ။  အဲဒီနောက်မှာတော့  ၂၀၁၈ ခုနှစ်အထိ အလယ်တန်းကျောင်းပြောင်းခဲ့တယ်လို့ နိုင်ငံပိုင် ရုပ်သံက ကြေညာပါတယ်။  ဒီလို နေရာသစ် ရွှေ့ရတဲ့အကြောင်းရင်းက အနီးဝန်းကျင်မှာ ဆောက်လုပ်ရေးစီမံကိန်း ရှိလို့ပါ။  ဒီတော့ သမိုင်းဝင် အဆောက်အအုံကြီးကို ဖြိုချမယ့်အစား ဒေသဆောက်လုပ်ရေကုမ္ပဏီ ပညာရှင်တွေက ဘီးတွေ တပ်ထားတဲ့ ခြေချောင်းတွေကို အဆောက်အအုံ အုတ်မြစ်အောက်မှာ တပ်ဆင်ခဲ့ပါတယ်။  ဒီနည်းနဲ့ သမိုင်းဝင်အဆောက်အအုံကြီး လမ်းလျှောက်သွားနိုင်ပြီး အောက်တိုဘာ ၁၅ ရက်က နေရာသစ်ကို ရောက်ရှိခဲ့ပါတယ်။  အခုဆိုရင် အဲဒီအဆောက်အအုံကို  သမိုင်းဝင် မွမ်းမံမှုတွေ လုပ်ဆောင်နေတယ်လို့လည်း စီစီတီဗွီက ဖော်ပြခဲ့ပါတယ်။ 
1 year Ago
Up