close

လယ်ယာလုပ်ငန်းသုံးမြေဆီ

close

August 14, 2021

စစ်အာဏာရှင်လက်ထက် လယ်ယာလုပ်ငန်းသုံး မြေဆီနှင့်မြေသြဇာများ ဈေးတက်

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်း လယ်ယာလုပ်ငန်းသုံးသွင်းအားစုတွေဖြစ်တဲ့  မြေဆီနဲ့ မြေသြဇာတွေ စျေးနှုန်းမြင့်တက်သွားတဲ့အတွက် တောင်သူလယ်သမားတွေ အခက်အခဲဖြစ်နေကြပါတယ်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ လယ်ယာလုပ်ငန်းခွင်သုံး  မြေဆီစျေး ပြီးခဲ့တဲ့နှစ်တွေကထက် ဈေးနှုန်း နှစ်ဆကျော် မြင့်တက်သွားတာကြောင့် အရှုံးနဲ့ရင်ဆိုင်နေရတာလို့ ဒေသခံ လယ်သမားတစ်ဦးက ပြောပါတယ်။    

“အရင်နှစ်က လယ်ယာလုပ်ငန်းမှာ အသုံးပြုတဲ့  မြေဆီတစ်အိပ် ကျပ်  နှစ်သောင်းကျော် ပေးရတယ်။ အိမ်အရောက်ကိုမှ နှစ်သောင်းကျော်ပဲ။ ဒီနှစ် အဲဒီအမျိုးအစားက တအိတ်ကို ငါးသောင်းကျော်အထိ စျေးနှစ်ဆမက မြင့်တက်သွားတယ်။ လယ်သမားက လယ်ပဲ လုပ်တတ်တာ။ စျေးမြင့်ပေမယ့်လည်း လယ်ပဲလုပ်ရမှာပေါ့” လို့ ဘိုကလေးမြို့နယ် ဖိုးညိုကျေးရွာ က လယ်သမားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက လယ်တစ်ဧက ထွန်ယက်စိုက်ပျိုးပြီးစီးတဲ့အထိ  ထွန်ယက်ခ မြေဆီ စက်သုံးဆီ မျိုးစပါး စုစုပေါင်း ကျသင့်ငွေ ကျပ် ၁၂၀,၀၀၀ သာကုန်ကျပြီး  အခုနှစ်မှာတော့ ကျပ် ၁၇၀,၀၀၀ ကုန်ကျကြောင်း သိရပါတယ်။

10 mins Ago
Up