close

လယ်ဝေး

close

April 21, 2023

လယ်ဝေးတွင် လေဆင်နှာမောင်းတိုက်ခတ်၊ ရွာ ၂ ရွာထိခိုက်ပျက်စီးပြီး လူ ၅ ဦး သေဆုံး

ဒီနေ့ ညနေပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ်ထဲမှာ လေဆင်နှာမောင်းတိုက်ခတ်လို့ ရွာ ၂ ရွာထိခိုက်ပျက်စီးပြီး လူ ၅ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံသာကျေးရွာအုပ်စုက တံတားဦး၊ အောင်မြင်ကုန်းကျေးရွာတို့မှာ ညနေ ၅ နာရီကျော်က လေဆင်နှာမောင်းတိုက်ပြီး မိုးသီးလည်းကြွေတာကြောင့် ရွာလုံးကျွတ်နီးပါးပျက်စီးသွားပါတယ်။

အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၂ ယောက် သေဆုံးသွားပြီး ၁ ယောက်ကတော့ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

နှစ်ရွာပေါင်း ဒဏ်ရာရသူ ၇၀ ကျော်ရှိပြီး အိမ်ခြေ ၂၅၀ လောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လယ်ဝေးက ခုတင် ၁၀၀ ဆေးရုံမှာ မဆံ့တော့လို့ တချို့လူနာတွေကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို ပို့ပေးနေရတယ်လို့လည်း ကူညီနေသူတွေက ပြောပါတယ်။

လက်ရှိအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေကြရပြီး အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

9 hours Ago

June 14, 2022

နေပြည်တော် လယ်ဝေးတွင် ဗုံးပေါက်ကွဲ

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်မှာ ဇွန် ၁၄ ရက် ဒီနေ့မနက်ပိုင်းက ဗုံး ၂ ကြိမ်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိနိုင်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဗုံးပေါက်ကွဲစဉ် အနီးနားရှိနေသူတစ်ဦးက “လယ်ဝေးမြို့နယ် ဗောဓိကုန်း မီးပွိုင့်အနီးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ ပထမအကြိမ်ပေါက်ကွဲစဉ်က မော်တော်ကားတစ်စီးကို ထိခိုက်မိခဲ့ပြီး အဆိုပါကားကို စစ်သားတွေနဲ့ ယာဉ်ထိန်းရဲတွေက စစ်ဆေးနေစဉ်မှာ နောက်တစ်လုံး ထပ်မံပေါက်ကွဲခဲ့တာ”လို့ ပြောပါတယ်။

ဒုတိယဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု‌‌တွေရှိနိုင်ပေမယ့် အသေးစိတ်အခြေအနေကိုတော့ မသိရသေးသလို  စစ်ကောင်စီဘက်ကလည်း သတင်းထုတ်တာ မရှိသေးပါဘူး။

အဆိုပါဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိတော့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ထုတ်ဖော်ကြေညာတာမရှိသေးဘဲ စစ်တပ်နဲ့ ရဲတွေကတော့ လယ်ဝေးမြို့နယ်အတွင်း ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးနေပါတယ်။

10 months Ago
Up