close

လဝကဥပဒေ

close

August 25, 2022

ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနှင့် ခင်ပွန်း ကိုထိန်လင်းကို စစ်ကောင်စီက လဝကဥပဒေပုဒ်မဖြင့် အမှုဖွင့်

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီကိုထိန်လင်းတို့ကို ဩဂုတ် ၂၄ ရက်ညက စမ်းချောင်းမြို့နယ် ပန်းလှိုင်အိမ်ရာမှာ စစ်ကောင်စီက ဖမ်းဆီးပြီး လဝကဥပဒေပုဒ်မ ၁၃(၁)/၁၃(၅) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ သြဂုတ် ၂၄ ရက် ညပိုင်းက စစ်တပ်၊ ရဲနဲ့ လဝက အဖွဲ့အစည်း အစုံအလင်နဲ့ ဗစ်ကီဘိုးမန်းနဲ့ ကိုထိန်လင်းတို့နေထိုင်ရာ စမ်းချောင်းနေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ အိမ်ရာမှာနေထိုင်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ ဒီမှာနေတာ မကြာသေးဘူး။ အဲ့ညက အဖွဲ့အစည်းအစုံနဲ့ လာဖမ်းတာ။ ဘယ်ကိုခေါ်သွားလဲတော့ မသိဘူး၊ ကျန်တာတော့ မသိဘူး။”

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီကိုထိန်လင်းတို့ နှစ်ယောက်ဟာ ၂၀၂၁ ခုနှစ် မေလ ၄ ရက်မှ သြဂုတ် ၉ ရက်နေ့အထိ ရှမ်းပြည်နယ် ကလောမြို့ရှိ ဦးထိန်လင်းအိမ်မှာ နေထိုင်ခဲ့ပြီး ရန်ကုန်ကို ပြန်ရောက်ချိန်မှာ လိပ်စာပြောင်းဖို့ ပျက်ကွက်တဲ့အတွက် ဖမ်းဆီးရတာဖြစ်တယ်လို့ စစ်ကောင်စီက ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့နီးစပ်သူတယောက်က “ဗြိတိန်သံအမတ်က လိပ်စာမပြောင်းလို့ အဖမ်းခံရတာ။ ကိုထိန်လင်းက ဒါကိုသိရက်နဲ့ အားပေးကူညီလို့ အဖမ်းခံရတာ” လို့ ပြောပါတယ်။

လတ်တလောမှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းကို စမ်းချောင်းမြို့မရဲစခန်းမှာ လဝကဥပဒေပုဒ်မ ၁၃(၁)၊ ဦးထိန်လင်းကို လဝကဥပဒေပုဒ်မ ၁၃(၅) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဗစ်ကီဘိုးမန်းဟာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာတော့ ကုန်သွယ်ရေး၊ စီးပွားရေးတို့မှာ အလေ့အကျင့်ကောင်းတွေကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ကာ အနောက်တိုင်းက အလှူရှင်တွေ ထောက်ပံ့မှုနဲ့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ တာဝန်သိ စီးပွားရေး မြန်မာစင်တာ Myanmar Center for Responsible Business (MCRB) ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

9 hours Ago

July 1, 2020

ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ပြန်ဝင်လာသူ ၂၉ ဦးကို လဝကဥပဒေဖြင့် အရေးယူ 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တရားမဝင် နည်းလမ်းနဲ့ မြန်မာနိုင်ငံထဲ ပြန်လည်ဝင်ရောက်တဲ့သူ ၂၉ ဦးကို လဝက ဥပဒေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။ မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထိန်လင်းက "ခိုးဝင်ခိုးထွက် လဝကဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှု ဖွင့်လှစ်ထားတာရှိတယ်။ အားပေးကူညီမှု ဥပဒေပုဒ်မ ၁၃(၅)နဲ့ အမှုဖွင့်အရေးယူသူတွေလည်း ရှိတယ်။ မောင်ခရိုင်တစ်ခုလုံးမှာ ပထမအသုတ်အနေနဲ့ အားလုံး၂၉ ဦးကို အမှုဖွင့်အရေးယူထားတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။ မောင်တောမြို့နယ်မှ ၁၉ ဦးကို လဝကဥပဒေပုဒ်မ ၁၃(၁) နဲ့ အမှုဖွင့်လှစ်ထားပြီး ဘူးသီးတောင်မြို့မှ ၆ ဦးကို လဝက ဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှုဖွင့်ထားကာ  ၄ ဦးကိုတော့ အားပေးကူညီမှု ဥပဒေပုဒ်မ ၁၃(၅)နဲ့  အမှုဖွင့် အရေးယူထားတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အကြမ်းဖက်ဖြစ်စဉ်ကြောင့် မောင်တောခရိုင်အတွင်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နေရပ်စွန့်ခွါသွားကြသူတွေ မိမိဆန္ဒအလျှောက်မောင်တောခရိုင်သို့ ပြန်လည်ဝင်ရောက်လာ သူ ၆၉၇ ဦးရှိပြီး  သူတို့ကိုတော့ အရေးယူဆောင်ရွက်ခြင်းမရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာသူ ၇၀၀ နီးပါးထဲက အစိုးရကို အသိပေးပြန်လာသူတွေကိုတော့ အရေးယူတာမရှိဘဲ ကိုဗစ်-၁၉ ရောဂါကာလအတွင် တရားမဝင် ခိုးဝင်လာသူ ၈၀ ဦး လောက်ထဲက ကလေးသူငယ်တွေနဲ့ အသက်မပြည့်သူတွေကို ပယ်ထုတ်ပြီး ကျန် ၂၉ ဦးကို ၁၉၄၇ မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဥပဒေနဲ့ အရေးယူတာ ဖြစ်ပါတယ်။ မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသူတွေအထဲက ၉ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိထားပြီး   နိုင်ငံတော်မှ တရားမဝင် ဝင်ရောက်လာကြသူတွေကို အရေးယူဖို့ တရားဝင်စာထုတ်ပြန်ပြီးနောက် ပထမဆုံး အရေးယူခံတာ ဖြစ်ကြပါတယ်။  
2 years Ago
Up