သြစတြေးလျနိုင်ငံ New South Wales ပြည်နယ် (NSW) မှာ ဒီနှစ်အတွင်း ၄ ကြိမ်မြောက် ရေကြီးရေလျှံမှုကြောင့် ဇူလိုင် ၆ ရက်နေ့မှာ မြစ်ရေတွေထပ်တက်ပြီး လမ်းတွေ ရေမြုပ်ကာ လူပေါင်း ၈၅,၀၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ပေးထားတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
မနေ့က လူပေါင်း ၅၀,၀၀၀ ကျော် ထိခိုက်ခဲ့ရတဲ့ ပြည်နယ်တဝန်းမှာ ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းတဲ့ အမိန့်စာ ၁၀၈ စောင်နဲ့ သတိပေးစာ ၅၆ စောင် ထုတ်ပြန်ခဲ့ရကြောင်း NSW ဝန်ကြီးချုပ် Dominic Perrottet က ဇူလိုင် ၆ ရက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဆစ်ဒနီမြို့ရဲ့ တချို့နေရာတွေမှာ ရေပြန်ကျလာတာတောင် အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကို နားထောင်လိုက်နာကြဖို့ သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က ဒေသခံတွေကို တိုက်တွန်းခဲ့ပါတယ်။
ဩစတြေးလျရဲ့ အရှေ့ဘက်ကမ်းရိုးတန်း ရာသီဥတုဟာ ပုံမှန်အားဖြင့် မိုးရွာသွန်းမှုနဲ့ ဆက်နွှယ်နေတဲ့ လာနီညာဖြစ်စဉ်က လွှမ်းမိုးထားပါတယ်။