မန်စီးတီးအသင်းဟာ နောက်ခံလူ လာပေ့ါသ်အတွက် ပေါင်သန်း ၆ဝ ပြောင်းရွှေ့ကြေးရမယ်ဆိုရင် ရောင်းချသွားမယ်လို့ သိရပါတယ်။
စပိန် လက်ရွေးစင်နောက်ခံလူ လာပေါ့သ်ဟာ ဂျွန်စတုန်းစ် နဲ့ ရူဘင်ဒိုင်ယက်ဇ်အတွဲ ခြေစွမ်းပြနေတာကြောင့် အရန်ကစားသမားအဖြစ် သတ်မှတ်ခံနေရတာပါ။
မန်စီးတီးဟာ လာပေါ့သ်ကို ဘီလ်ဘာအိုအသင်းကနေ ပေါင် ၅၇ သန်းနဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ခေါ်ယူခဲ့တာဖြစ်ပါတယ်။
နည်းပြ ဂွါဒီယိုလာအနေနဲ့ အသင်းရှိ ကြယ်ပွင့်ကစားသမားတွေထဲက ၃ ဦး၊ ၄ ဦးလောက်ဟာ မပျော်မရွှင်ဖြစ်နေတယ်လို့ ဝန်ခံထားပါတယ်။
လာပေါ့သ်နေရာအတွက် ဟော်လန်နောက်ခံလူ နသန်အကီနဲ့ လူငယ်နောက်ခံလူ အမ်ဘီတီတို့ကို အရန်သင့်သုံးဖို့ နည်းပြဂွါဒီယိုလာက စီစဉ်ထားပါတယ်။
ဗဟိုနောက်ခံလူ လာပေါ့သ်ကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။