close

လာဗက်ဘူတာ

close

May 1, 2022

ကုလသံတမန် ဂျိုလီ ယူကရိန်းနိုင်ငံ လာဗက်ဘူတာသို့ သွားရောက်

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့ အထူးသံတမန်ဖြစ်တဲ့ နာမည်ကြီး သရုပ်ဆောင် အန်ဂျလီနာ ဂျိုလီဟာ မနေ့က ယူကရိန်းနိုင်ငံ လာဗက်မြို့က မီးရထားဘူတာတခုဆီကို သွားရောက်ခဲ့ပါတယ်။ 

အဲဒီမှာ စေတနာဝန်ထမ်း ဗော်လံတီယာတွေနဲ့ တွေ့ဆုံပြီး စစ်ဘေးကြောင့် ဖြစ်လာတဲ့ စိတ်ဒဏ်ရာတွေအကြောင်း၊ စစ်ဘေးဒဏ်ခံနေရသူတွေ အထူးသဖြင့် ကလေးငယ်တွေကို ကူညီစောင့်ရှောက်နေတာကို ကျေးဇူးတင်တဲ့အကြောင်း ပြောခဲ့ပါတယ်။ 

ဒီနှစ်ထဲမှာ ယူကရိန်းကနေ စစ်ဘေးဒုက္ခသည် ၈ သန်းကျော်ဟာ နိုင်ငံကို စွန့်ခွာရနိုင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ခန့်မှန်းထားပါတယ်။ 

ကျန်ခဲ့တဲ့ ၂ လအတွင်းမှာ စစ်ကြောင့် လူပေါင်း ၁၂ ဒသမ ၇ သန်းဟာ အိုးအိမ် စွန့်ခွာခဲ့ရပြီး ၇ ဒသမ ၇ သန်းဟာ နိုင်ငံတွင်းမှာပဲ စစ်ဘေးဒုက္ခသည်ဘဝရောက်နေကာ ၅ သန်းကတော့ တခြား တနိုင်ငံမှာ ခိုလှုံဖို့  နယ်စပ်ဖြတ်ကျော် ထွက်ခွာသွားပြီးလို့ UNHCR က ပြောပါတယ်။

4 hours Ago
Up