close

လာလီဂါချန်ပီယံဆု

close

March 22, 2022

လာလီဂါချန်ပီယံဆုအတွက် လက်မလျှော့သေးကြောင်း ဘာကာနည်းပြဇာဗီနှင့် ဘူးစကွက်စ်ပြော

လာလီဂါချန်ပီယံဆုအတွက် လက်မလျှော့သေးကြောင်း ဘာစီလိုနာနည်းပြ ဇာဗီနဲ့ ကွင်းလယ်လူ ဘူးစကွက်စ်တို့က ပြောသွားပါတယ်။ 

ရီးရဲလ်မက်ဒရစ်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက်မှာ ဘာစီလိုနာအသင်းက တပွဲလျော့အခြေအနေမှာ ထိပ်ဆုံးက ရီးရဲလ်နဲ့ ၁၂ မှတ်ကွာဟနေတာပါ။ 

လက်ကျန်ပွဲစဉ်မှာ ဘာစီလိုနာက အနိုင်ရခဲ့မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်နဲ့ ၉ မှတ်သာကွာဟတော့ မှာဖြစ်ပြီး လက်ကျန် ၉ ပွဲအလိုမှာ အပြောင်းအလဲဖြစ်လာနိုင်ပါတယ်။ 

ဘာစီလိုနာနည်းပြ ဇာဗီကတော့ ချန်ပီယံဆုအတွက် အခွင့်အရေးရှိသေးသလားဆိုတာ မစဉ်းစားပေမယ့် ဘာကိုမှ လက်လျှော့မှာမဟုတ်ကြောင်း ပြောပါတယ်။

“ကျနော်တို့ ချန်ပီယံဖြစ်နိုင်သေးသလားဆိုတာ မသိပေမယ့် ဘာကိုမှတော့ လက်လျှော့သွားမှာမဟုတ်ဘူး။ ချန်ပီယံဆုအတွက် နောက်ကျသွားတာမျိုးလည်း ဖြစ်နိုင်ပေမယ့် မက်ဒရစ်ကို အနိုင်ရခဲ့တာကတော့ ကြီးမားတဲ့အောင်ပွဲဖြစ်တယ်။ ကျနော်တို့ဟာ မက်ဒရစ်ထက် ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်” လို့ နည်းပြဇာဗီက ပြောပါတယ်။ 

အသင်းခေါင်းဆောင် ဘူးစကွက်စ်ကတော့ ချန်ပီယံဆုအတွက် အခွင့်အရေးအနည်းငယ်ပဲ ရှိတဲ့သည့်တိုင် အဆုံးအထိတိုက်ပွဲဝင် စိတ်နဲ့ ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။ 

“ကျနော်တို့ အဆုံးအထိ တိုက်ပွဲဝင်သွားပါမယ်။ ချန်ပီယံဖြစ်ဖို့က အလွန်ခက်ခဲပေမယ့် ဘောလုံးမှာ ဘာမဆိုဖြစ်သွားနိုင်တယ်။ ကျနော်တို့ ဘာစီလိုနာအသင်းဖြစ်တယ်” လို့ ဘူးစကွက်စ်က ပြောပါတယ်။ 

ဘာစီလိုနာအသင်းဟာ နည်းပြ ကိုးမန်း လက်ထက်မှာ ရလဒ်တွေဆိုးရွားခဲ့ပေမယ့် နည်းပြဇာဗီ ရောက်လာချိန်မှာတော့ ရလဒ်ကောင်းမွန်လာခဲ့ပြီး နောက်ဆုံး ၁၂ ပွဲ ဆက်တိုက်ရှုံးပွဲမရှိ ကစားနိုင်ခဲ့ပါတယ်။

2 mins Ago

December 30, 2020

လာလီဂါချန်ပီယံဆုရရန် ခက်ခဲနေပြီဟု ဘာကာနည်းပြဝန်ခံ

ဘာစီလိုနာအသင်းအတွက် ဒီရာသီမှာလာလီဂါဖလားကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ လမ်းကြောင်းဟာ  တော်တော်လေးခက်ခဲသွားခဲ့ပြီလို့ နည်းပြရော်နယ်ကိုးမန်းက ဝန်ခံပါတယ်။ အင်္ဂါနေ့က အီဘာအသင်းကိုအိမ်ကွင်းမှာသရေကျခဲ့ပြီးနောက်အခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။  ဒီရလဒ်ကြောင့် ဘာကာအသင်းဟာ အဆင့် ၆ နေရာမှာပဲ ဆက်ရှိနေပြီး ထိပ်ဆုံးမက်ဒရစ် ၂ သင်းနဲ့ ၇ မှတ်အထိကွာဟနေပါတယ်။  ဒီပွဲမှာ ဘာကာတိုက်စစ်မှူး ဘရိတ်ဝိတ်ဟာ ပင်နယ်တီလွဲချော်ခဲ့ပြီး ဦးဆောင်ဂိုးသွင်း ခံခဲ့ရ ပေမဲ့ ဒမ်ဘီလီရဲ့ ချေပဂိုးကြောင့်သရေ တစ်မှတ်ရရှိခဲ့တာဖြစ်ပါတယ်။  ဘာကာအသင်းဟာ ကိုးမန်းလက်ထက်မှာ ရာသီအစ လာလီဂါ ၁၅ ပွဲရဲ့ ၇ ပွဲကိုသာ အနိုင်ရရှိခဲ့ပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးအခြေအနေနဲရင်ဆိုင်နေရပါတယ်။  ဒါ့ကြောင့်နည်းပြကိုယ်တိုင်ကလဲ အသင်းရဲ့လာလီဂါဖလားရရှိနိုင်မှု အခြေအနေဟာ ခက်ခဲလာပြီလို့ ဝန်ခံခဲ့ပါတယ်။  “ကျနော်က လက်တွေ့ ဆန်ပါတယ်။ အခုချိန်မှာ ချန်ပီယံဖြစ်ဖို့ ခက်ခဲသွားခဲ့ပါပြီ။ မဖြစ်နိုင်တာ မရှိဘူးဆိုပေမဲ့ ကွာဟချက်တွေကိုတော့ သတိပြုထားသင့်ပါတယ်” လို့ ကိုးမန်းက အီဘာနဲ့ ပွဲအပြီး မှာပြောပါတယ်။  အင်္ဂါနေ့ပွဲမှာ ဘာကာအသင်းမှာ အသင်းခေါင်းဆောင်မက်ဆီ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။  ဒါနဲ့ပတ်သတ်လို့ ဘာကာအသင်းဟာ မက်ဆီ မပါရင်ပိုကောင်းတယ်လို့ ပြောလို့ မရဘူးလို့ လည်း ကိုးမန်းကပြောပါတယ်။  ကိုးမန်းက အီဘာနဲ့ပွဲမှာ ဘာကာအသင်းကပိုကောင်းခဲ့ပြီး အနိုင်ရရှိခဲ့သင့်တယ်လို့လည်း ယူဆ ထားပါတယ်။  “ဒီပွဲမှာ ကျနော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပေမဲ့ တစ်ဦးချင်း အမှားတွေကြောင့် အမှတ်လျော့ခဲ့တာပါ။ အီဘာအသင်းဟာ ဂိုးပေါက်တည့်မှု တစ်ကြိမ်ပဲ ရှိခဲ့တာပါ”လို့ ကိုးမန်း က ဆိုပါတယ်။ 
1 year Ago
Up