close

လားရှိုး လဝကရုံး

close

November 10, 2021

လားရှိုး လဝကရုံးတွင် ဗုံးကွဲ၊ လူ ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရုံးဝင်းထဲမှာ နိုဝင်ဘာ ၁၀ ရက် ဒီနေ့ ညနေ ၃ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး မှတ်ပုံတင်လာလုပ်သူ  ၂  ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

ပေါက်ကွဲမှုဖြစ်စဉ်ကိုတော့ သေချာမသိရကြောင်း၊ အဆိုပါ လဝကရုံးမှာ အရှေ့ဝင်ပေါက်နဲ့ အနောက်ဝင်ပေါက် ၂ ခုရှိပြီး အရှေ့ပေါက်ဘက်ကနေ အသံအကျယ်ကြီးကြားရတာလို့ မျက်မြင် လားရှိုးဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့လည်း မှတ်ပုံတင်လာလုပ်တာပါခင်ဗျ။ ရုံးဝင်းထဲရောက်တော့ ရုံးရှေ့မှာပေါက်ကွဲ သံအကျယ်ကြီးကြားရတယ်။ သွားကြည့်တော့ ရုံးရှေ့သစ်ပင်အောက်က ခုံတန်းမှာ ဒဏ်ရာရတဲ့ အမျိုးသမီး ၁ ယောက်နဲ့ လူငယ်တစ်ယောက်တွေ့လို့ ပရဟိတအဖွဲ့ဆီဖုံးလှမ်းဆက်ပြီး အဲဒီအဖွဲ့ ကပဲ လားရှိုးစစ်ဆေးရုံကိုပို့ပေးလိုက်ပါတယ်ခင်ဗျ။”

ဒဏ်ရာရတဲ့အမျိုးသမီးက ရင်ဘတ်နဲ့ ဝမ်းဗိုက်အပေါ်ဘက်မှာ ဗုံးစမှန်ပြီး လူငယ်ကတော့ ဦးခေါင်းမှာဒဏ်ရာရသွားပါတယ်။ 

အခင်းဖြစ်တဲ့နေရာကို စစ်တပ်၊ ရဲ နဲ့တာဝန်ရှိသူတွေ လာရောက်စစ်ဆေးသွားပြီး အဆောက်အအုံကတော့  ပျက်စီးတာမတွေ့ဘူးလို့  မျက်မြင်ဒေသခံကပြောပါတယ်။ 

1 min Ago
Up