close

လိင်ခွဲခြားမှု

close

April 2, 2022

အမေရိကန်နိုင်ငံကူးလက်မှတ်တွင် လိင်ခွဲခြားမှုမရှိဘဲ ထုတ်ပေးတော့မည်

အမေရိကန်အစိုးရဟာ သူ့နိုင်ငံသားတွေအတွက် ကျား၊ မ ဖြစ်တည်မှုဆိုင်ရာ ဘက်မလိုက်တဲ့ နိုင်ငံကူးလက်မှတ်တွေကို ထုတ်ပေးတော့မယ်လို့ မတ် ၃၁ ရက်မှာ ပြောပါတယ်။

နိုင်ငံသားတွေဟာ နိုင်ငံကူးလက်မှတ် လျှောက်လွှာမှာ ကျား၊ မ နေရာအတွက် X ကို ရွေးနိုင်ပြီး လူမှုဖူလုံရေးကတ်မှာတော့ သူတို့ရဲ့လိင်ကို ရွေးချယ်ခွင့်ရမယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။ ဒါဟာ ပြည်နယ်ဥပဒေတွေကို  ဆန့်ကျင်ပြီး လိင်ပြောင်းအမေရိကန်တွေကို ပံ့ပိုးကူညီမယ့် အစီအမံတွေကို ကြေညာလိုက်တာပါ။

လာမယ့် ဆောင်းဦးရာသီကစပြီး အမေရိကန် နိုင်ငံသားတွေဟာ အမေရိကန် လူမှုဖူလုံရေးကတ်တွေမှာ ဆေးဘက်စာရွက်စာတမ်းတွေ မလိုဘဲ သူတို့ရဲ့လိင်ကို ရွေးချယ် ထည့်သွင်းခွင့်ရမယ်လို့ လူမှုဖူလုံရေး ဦးစီးဌာနက ပြောပါတယ်။

လက်ရှိကိုင်ဆောင်ထားတဲ့ ကတ်တွေမှာ ကိုင်ဆောင်သူရဲ့ ကျား မ ဆိုင်ရာ လိင်ညွှန်ပြချက် မပါပါဘူး။

6 mins Ago

June 20, 2021

ဝါဆောတွင် လိင်ခွဲခြားမှုပပျောက်ရေး လူထောင်ချီဆန္ဒပြ

ပိုလန်နိုင်ငံရဲ့မြို့တော် ဝါဆောရဲ့ မြို့လယ်မှာ ထောင်ချီတဲ့လူတွေ ဇွန် ၁၉ ရက်က ချီတက်ခဲ့ကြပါတယ်။

 ကျားမ လိင်စံလွဲသူတွေရဲ့ လူ့အဖွဲ့အစည်းကို ခွဲခြားဖိနှိပ်မှု အဆုံးသတ်ရေး တောင်းဆိုတဲ့ တန်းတူညီမျှရေး အင်အားပြ အခမ်းအနားမှာ ချီတက်ခဲ့ကြပါတယ်။

လတ်တလော နှစ်တွေအတွင်း ပိုလန်နိုင်ငံထဲမှာ ကျားမ လိင်စံလွဲသူတွေကို မုန်းတီးမှု တိုးလာနေတယ်လို့ စည်းရုံးလှုံ့ဆော်သူတွေက ပြောပါတယ်။

ကက်သလစ်ဘာသာဝင်တွေ ကြီးစိုးတဲ့ ပိုလန်နိုင်ငံအတွင်း လစ်ဘရယ်ဝါဒီတွေနဲ့ ဘာသာရေး ရှေးရိုးစွဲ ဝါဒီတွေကြား ပိုကျယ်ပြန့်တဲ့ ရုန်းကန်မှုအတွင်း ကျားမ လိင်စံလွဲသူတွေရဲ့ အခွင့်အရေးဟာ ဗဟိုချက် ဖြစ်လာခဲ့တာပါ။

နိုင်ငံရေးသမားတွေနဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ပိုလန်နိုင်ငံအတွင်း ကျားမ လိင်စံလွဲသူတွေကို မုန်းတီးအောင် မီးထိုးပေးနေတယ်လို့ စွပ်စွဲ ခံထားရပါတယ်။

 ဝါဆောချီတက်ပွဲဟာ ဒေသတွင်း အကြီးဆုံးလည်းဖြစ်သလို ဟန်ဂေရီနိုင်ငံက ကျားမ လိင်စံလွဲသူ လူ့အဖွဲ့အစည်းနဲ့ သွေးစည်းကြောင်းပြတဲ့ အမူအရာလို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

10 months Ago
Up