ထိုင်းနိုင်ငံတွင်းက လိင်စံသတ်မှတ်ချက်ကွဲပြားတဲ့ တက်ကြွလှုပ်ရှားသူတွေ ရာချီပြီး ဇူလိုင် လ ၂၅ ရက်ညနေက ဒီမိုကရေစီနဲ့ ကျား၊ မတန်းတူ ညီမျှရေး တောင်းဆိုခဲ့ကြပါတယ်။
မြို့တော် ဘန်ကောက်က ဒီမိုကရေစီကျောက်တိုင်နားမှာ သက်တံ့ရောင်အလံကို လွှင့်ထူကာ cat walk လျှောက်ပြီး ဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာရဲ့ အစိုးရကို ပြစ်တင်ရှုံ့ချပါတယ်။
လက်ရှိအစိုးရ နုတ်ထွက်ပြီး လွှတ်တော်ကို ဖြတ်သိမ်းရေးတောင်းဆိုဖို့ အရင်အပတ်က ထိုင်းနိုင်ငံတလွှား လူငယ်တွေ ဆန္ဒပြခဲ့ပါတယ်။
စနေနေ့မှာတော့ ကျား ၊ မ တန်းတူညီမျှမှုနဲ့ လိင်လုပ်သားတွေအတွက် အခွင့်အရေး ကင်းမဲ့မှု နဲ့ပတ်သက်တဲ့ သူတို့ရဲ့ စိုးရိမ်မှုတွေကို ထပ်ပေါင်းထည့်ရင်း တောင်းဆိုခဲ့ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးကန့်သတ်ချက်တွေကို အာခံပြီး လွတ်လပ်တဲ့ လူငယ်များ လှုပ်ရှားမှုအောက်မှာ စီစဉ်ခဲ့တဲ့ ဒီဆန္ဒပြပွဲဟာ ၂၀၁၄ စစ်အာဏာ သိမ်းမှုအပြီး အကြီးဆုံး ဆန္ဒပြပွဲတွေထဲကတခု ဖြစ်လာပါတယ်။
သူတို့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးတဲ့အထိ ဆက်ပြီး စုရုံးဆန္ဒပြသွားမယ်လို့ ဆန္ဒပြသူတချို့က ပြောပါတယ်။
ထိုင်းအစိုးရဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ တက်ကြွလှုပ်ရှားသူ ယာယာက ပြောပါတယ်။
“တကယ်လို့ အစိုးရက ကျမတို့ကို ရှင်းပစ်ခဲ့မယ်ဆိုရင်တောင် ကျမတို့ အတွေးအခေါ်က ဘယ်တော့မှ သေဆုံးမှာ မဟုတ်ဘူး၊ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းပေးခဲ့မယ်” လို့ သူက ဆက်ပြောပါတယ်။
အရင်သီတင်းပတ်က ထိုင်းနိုင်ငံတွင်း ခရိုင် ၆ ခုထက် မနည်းမှာ ဝန်ကြီးချုပ် ရာထူးက ဆင်းပေးရေး တောင်းဆို ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
လက်ရှိ အာဏာရအစိုးရအဖွဲ့ဝင် ၆ ဦးလည်း ရာထူးက နုတ်ထွက်ခဲ့ပါတယ်။
1 year Ago