လိင်တူချစ်သူတစ်ဦးဖြစ်တယ်လို့ ချက်ကွင်းလယ်ကစားသမား ယာကွတ်ဂျန့်ခ်တိုက တရားဝင် ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။
အသက် ၂၈ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ စပိန်ကလပ် ဂီတာဖေးအသင်းကနေ ချက်ကလပ် စပါတာပရက်ဂ်အသင်းမှာ အငှားသွားရောက်ကစားနေသူပါ။
ဘောလုံးသမား တစ်ယောက်အနေနဲ့ တတ်နိုင်သမျှ အကောင်းဆုံးကစားခဲ့ပြီး ဘဝကို ကြောက်ရွံ့မှုတွေ၊ မလိုမုန်းထားမှုတွေနဲ့ အကြမ်းဖက်မှုတွေမရှိဘဲ ချစ်ခြင်းမေတ္တာနဲ့ သာဖြတ်သန်းသွားဖို့ ဆုံးဖြတ်ထားကြောင်း ဂျန့်ခ်တိုကပြောပါတယ်။
“ကျနော်က လိင်တူချစ်သူတစ်ဦးဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် အချိန်ကြာမြင့်စွာ ဖုံးဖိမထားချင်ပါဘူး”လို့ ဗီဒီယိုဖိုင်နဲ့တကွ ဆိုရှယ်မီဒီယာမှာတင်ခဲ့တာပါ။
ဒါ့အပြင် အဲဒီလိုဝန်ခံခဲ့တာဟာ ဖျော်ဖြေမှုတစ်ခုမဟုတ်ဘဲ တစ်ဦးနဲ့တစ်ဦးအားပေးစကားဆိုကြဖို့ ရည်ရွယ်တယ်လို့ ဂျန့်ခ်တိုက ရေးသားခဲ့ပါတယ်။
သူဟာ ချက်လက်ရွေးစင်အသင်းမှာ ၄၅ ပွဲကစားခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ ဆက်လက်ကစားခဲ့ပါတယ်။ ဂျန့်ခ်တိုရဲ့ ဝန်ခံမှုအပေါ် ဥရောပဘောလုံးအသိုင်းအဝိုင်းက အားပေးစကားတွေဆိုခဲ့ကြပါတယ်။ သူဟာ အီတလီကလပ်တွေဖြစ်တဲ့ အူဒီးနိစ်၊ အက်စ်ကိုလီ၊ ဆမ်ဒိုးရီးယားအသင်းတွေမှာလည်း ကစားခဲ့ပါတယ်။
အမျိုးသားချင်း စုံမက်သူတွေ၊ အမျိုးသမီးချင်း စုံမက်သူတွေ၊ ကျားမ ၂မျိုးစလုံးကို စုံမက်သူတွေနဲ့ လိင်ခွဲစိတ် ပြုပြင်ထားသူတွေ အနားမှာ မနေချင်ဘူး၊ လိင်တူလက်ထပ်တာကို ခွင့်ပြုရင် လူတွေ ဂျပန်နိုင်ငံကနေ ထွက်ပြေးသွားကြလိမ့်မယ်လို့ သတိပေးခဲ့တဲ့ သူ့ရဲ့လက်ထောက် အရာရှိ တစ်ယောက်ကို ဂျပန်ဝန်ကြီးချုပ် ဖူမီယို ခိရှိဒ့ါက ဖေဖော်ဝါရီ ၄ ရက်မှာ အလုပ်ထုတ်ခဲ့ပါတယ်။
အောက်တိုဘာလမှာ ဂျပန်ဝန်ကြီးချုပ်ရဲ့ အတွင်းရေးမှူးအဖြစ် အစိုးရအဖွဲ့ထဲရောက်လာတဲ့ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အရာရှိ မာဆာယိုရှိ အာ့ရာ့အိက လိင်တူစုံတွဲတွေကိုတောင် မကြည့်ချင်ဘူးလို့ ဒေသတွင်း မီဒီယာတွေကို မှတ်ချက်ပြု ပြောခဲ့တယ်လို့ မီဒီယာတွေက သတင်းထုတ်ပါတယ်။
"ဒါဟာ လက်ရှိအစိုးရအဖွဲ့ရဲ့ တွေးခေါ်ပုံနဲ့ လုံးဝကွဲလွဲနေတဲ့ ဒေါသထွက်စရာ မှတ်ချက်တစ်ခုလို့ ကျနော်ထင်ပါတယ်" လို့ ခိရှိဒါ့က သတင်းထောက်တွေကို ပြောပါတယ်။
မေလမှာ ကမ္ဘာ့ထိပ်သီး စီးပွားရေး အင်အားကြီး ၇ နိုင်ငံအဖွဲ့ G7 က တခြားခေါင်းဆောင်တွေကို လက်ခံပြီး ညီလာခံကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ဒီဖြစ်ရပ်ဟာ ခိရှိဒါ့အတွက် ရှက်စရာ ဖြစ်ရပ်တစ်ခုပါ။
လွန်ခဲ့သည့်ဆယ်စုနှစ် ခုနစ်ခုအတွင်း ကွန်ဆာဗေးတစ် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) က အုပ်ချုပ်ခဲ့တဲ့ ဂျပန်နိုင်ငံနဲ့ မတူဘဲ ကျန်တဲ့ G7 အဖွဲ့ဝင်နိုင်ငံတွေက လိင်တူစုံတွဲတွေအတွက် လက်ထပ်ခွင့် ဒါမှမဟုတ် အရပ်ဘက် သမဂ္ဂတွေကို ခွင့်ပြုထားပါတယ်။
မကြာသေးမီက သဘောထားစစ်တမ်းတွေအရ အကြီးတန်းအရာရှိတွေရဲ့ အရှုပ်တော်ပုံတွေကြောင့် ရာထူးကနုတ်ထွက်မှု ဆက်တိုက်ဖြစ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်ကတည်းက ခိရှိဒါ့အပေါ် လူထုထောက်ခံမှုဟာ ထက်ဝက်နီးပါး ဖြစ်တဲ့ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။