close

လိဒ်နည်းပြဂါစီယာ

close

May 3, 2023

လိဒ်နည်းပြဂါစီယာ ထုတ်ပယ်ခံရပြီး ဝါရင့်နည်းပြ ဆမ်အလာဒိုက်စ် အစားထိုးတာဝန်ယူ

လိဒ်ယူနိုက်တက်အသင်းနည်းပြ ဂါစီယာဟာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး သူ့နေရာမှာ ဝါရင့် နည်းပြကြီး ဆမ်အလာဒိုက်စ်က အစားထိုးတာဝန်ယူမှာဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်အသင်းဟာ  နောက်ဆုံးငါးပွဲမှာ လေးပွဲရှုံး၊ တစ်ပွဲသရေကျခဲ့ပြီးနောက်  အမှတ်ပေးဇယား အဆင့် ၁၇ ဆီရောက် ရှိသွားပြီး တန်းဆင်းဇုန်က နော်တမ်ဟမ်နဲ့ ရမှတ်တူသွားခဲ့တာပါ။

ဒီအခြေအနေကြောင့် နည်းပြယာဗီဂါစီယာကို ထုတ်ပယ်ခဲ့သလို အသင်းအားကစားဒါရိုက်တာ ဗစ်တာအော်တာဟာလည်း ရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။

အသက် ၆၈ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဒိုက်စ်ဟာ လက်ကျန် ပွဲစဉ်လေးပွဲမှာ တန်းမဆင်းရအောင် ဦးဆောင်မှုပေးသွားရမှာ ဖြစ်ပါတယ်။

သူဟာ ၁၉၉၄ ခုနှစ်ကတည်းက ဘက်လက်ပူးလ်အသင်းကို စတင်တာဝန်ယူခဲ့ပြီး နော့စ်ကောင်တီ၊ ဘော်လ်တန်၊ နယူးကာဆယ်၊ ဘက်လက်ဘန်း၊ ဝက်စ်ဟမ်း၊ ဆန်းဒါးလန်း၊ ပဲလေ့၊ အဲဗာတန်၊ ဝက်စ်ဘရွန်း  အသင်းတွေကို တာဝန်ယူခဲ့သူဖြစ်ပါတယ်။

9 mins Ago
Up