close

လိုင်စင်မဲ့ယာဉ်

close

March 6, 2023

ဗန်းမော်တွင် ဓာတ်ဆီဆိုင်ဗုံးကွဲပြီးနောက် လိုင်စင်မဲ့ယာဉ်များကို စစ်တပ်က သိမ်းဆည်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ၊ ၃ မိုင် ရွှေပြည်သာရပ်ရှိ BOC ဓာတ်ဆီဆိုင်မှာ မတ် ၁ ရက် ည ၇ နာရီကျော်က ဗုံးပေါက်ကွဲခဲ့ပြီးနောက်  လိုင်စင်မဲ့ယာဉ်တွေကို စစ်တပ်က သိမ်းဆည်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၂ ရက်နဲ့ ၃ ရက်မှာတော့ စစ်ကောင်စီ တပ်နဲ့ရဲ တွေဟာ  မြို့ထဲ ၂ မိုင် လမ်းဆုံ မီးပွိုင့်နဲ့ မြို့ရှောင် လမ်းဆုံတွေမှာ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးသိမ်းယူခဲ့တာကြောင့် ပြည်သူတွေ အခက်အခဲကြုံနေကြတယ်လို့ ဆိုပါတယ်။

အဲဒီနေ့က ဗုံးကွဲခဲ့တာကြော့င် ဓာတ်ဆီဆိုင် အမိုးနဲ့ ဆီဘောက်ဆာကား၊ အဆောက်အအုံ ပစ္စည်းတချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်လယ်ပိုင်းကလည်း ဗန်းမော်မြို့စုပေါင်းရုံးမှာ မိုင်းပေါက်ကွဲခဲ့တာကြောင့် ဝန်ထမ်းတွေရဲ့ ဆိုင်ကယ်အစီး ၃၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီးနောက် မြို့နေရာအနှံ့မှာ လိုင်စင်မဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို  ဖမ်းဆီးခဲ့ဖူးပါတယ်။

3 hours Ago

November 23, 2021

ဘားအံတွင် စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးပြီး သိမ်းဆည်းမည်

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လိုင်စင်မဲ့ယာဉ်တွေကို အ​ကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးပြီး သိမ်းဆည်းတော့မှာ ဖြစ်တယ်လို့ နိုင်ဝင်ဘာ ၂၂ ရက် မနက်က စစ်ကောင်စီရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဆက်ဆံရေးရုံး တာဝန်ခံတွေဆီက သိရပါတယ်။

အစည်းအဝေးမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးက  တရားမဝင်လိုင်စင်မဲ့ယာဥ်တွေကို ဖမ်းဆီးပြီး သိမ်းဆည်းသွားမှာဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဆက်ဆံရေးရုံးတာဝန်ခံတွေကို အသိပေး ပြောကြားခဲ့တာပါ။

လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီက ဖမ်းဆီးသိမ်းဆည်းဖို့ ပထမအဆင့်အနေနဲ့ သံလွင်တံတား(ဘားအံ)နဲ့ ဇာသပြင်တံတားတွေမှာ ဖမ်းဆီးသွားမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ ဘားအံမြို့တွင်းမှာ ဖြတ်သန်းသွားလာတဲ့ယာဥ်တွေကို ဖမ်းဆီးသွားမှာဖြစ်ပါတယ်။ 

ဆက်ဆံရေးရုံးတာဝန်ခံတစ်ဦးက"အစည်းအဝေးမှာ လိုင်စင်မဲ့ကားမှန်ရင်အကုန်ဖမ်းမယ်။  အပေါ်ကနေ ဖိအားပေးသလိုနဲ့ ပြည်နယ်ထွက်ပေါက်မှန်သမျှဖမ်းမယ် ပြောတယ်။ ​အရေးယူမှုပိုင်းကတော့ မသိရဘူး။ ကားကတော့ သိမ်းခံရမှာ သေချာတယ်" လို့ဆိုပါတယ်။

နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းက စတင်ပြီး သံလွင်တံတား(ဘားအံ)နဲ့ ဇာသပြင်တံတားတွေမှာ စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို ဖြတ်သန်းသွားလာခွင့်မပြုတော့ဘဲ ဖမ်းဆီးစစ်ဆေးနေ တယ်လို့ ဒေသခံ ယာဥ်မောင်းတွေက ဆိုပါတယ်။

မြိုင်ကလေးရွာသားတစ်ဦးက"သူတို့လက်ထက်မှာ လုပ်ချင်သလို လုပ်နေတာ။ ပြည်သူတွေ ခရီးသွားလာလို့ အဆင်ပြေတာ မပြေတာ သူတို့နဲ့ မဆိုင်ဘူး။ အခုလို ဖမ်းတော့ စျေးဝယ်၊ ကျောင်းကြို့ ကျောင်းပို့ကအစ အဆင်မပြေတော့ဘူး"လို့ ဆိုပါတယ်။

ဖမ်းဆီးရာမှာ လက်နက်ကိုင်အဖွဲ့အစည်းလက်မှတ်ပါတဲ့ လိုင်စင်မဲ့ယာဉ်တွေကိုပါ ဖမ်းဆီးပြီးသိမ်းဆည်းသွားမှာဖြစ်သလို ဖမ်းဆီးရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ မပါဝင်ပဲ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကပဲ ဖမ်းဆီးသွားမှာဖြစ်တယ်လို့ ဆက်ဆံရေးရုံးတာဝန်ခံတစ်ဦးက ဆိုပါတယ်။

ကရင်​ပြည်နယ်အတွင်းက ဝေးလံတဲ့ ကျေးလက်နေပြည်သူတွေဟာ   လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဒေသဖွံဖြိုးရေးအတွက် မဖြစ်မနေ လိုင်စင်မဲ့ယာဉ်တွေကို အဓိကထားပြီး အသုံးပြုနေရတာဖြစ်ပါတယ်။

1 year Ago
Up