close

လိုင်မန်

close

October 9, 2022

ယူကရိန်းနိုင်ငံ လိုင်မန်မြို့တွင် အစုလိုက်အပြုံလိုက်မြှုပ်နှံထားသည့်သင်္ချုင်းတွေ့ရှိ

ယူကရိန်းအာဏာပိုင်တွေဟာ လတ်တလော လွတ်မြောက်ပြီးစ နိုင်ငံအရှေ့ပိုင်းက လိုင်မန်မြို့မှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ သင်္ချိုင်းတစ်ခုကို တွေ့ရှိခဲ့ရတယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ပက်ဗလိုကီရီလန်ကိုက အောက်တိုဘာ ၇ ရက်က အွန်လိုင်းပို့စ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ 

“ဒေသဆိုင်ရာ အချက်အလက်တွေအရ စစ်သားရော အရပ်သားတွေပါ ပါနိုင်ပြီး အလောင်းဘယ်လောက်ရှိလဲဆိုတာ မသိရသေးဘူး”လို့ သူ့တယ်လီဂရမ်မှာ ရေးသားခဲ့တာပါ။

အဲ့ဒီနေရာကို တာဝန်ရှိသူတွေက စုံစမ်းနေကြောင်း ပြသထားတဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ အွန်လိုင်းပို့စ်မှာ ပြထားပါတယ်။ 

ရိုက်တာကတော့ ဓာတ်ပုံတွေရဲ့ စစ်မှန်မှု၊ ဓာတ်ပုံတွေကို ရိုက်ယူခဲ့တဲ့ တည်နေရာ သို့မဟုတ် ရိုက်ကူးခဲ့တဲ့ ရက်စွဲတွေကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။ 

ယူကရိန်းတပ်တွေဟာ ဒွန်နက်စ်ခ် ဒေသရှိ လိုင်မန်မြို့ကို ရုရှားထိန်းချုပ်မှုကနေ အောက်တိုဘာ ၁ ရက်မှာ ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် အခုလို အစုလိုက်အပြုံလိုက် မြုပ်နှံထားတာကို တွေ့ရှိခဲ့ တာပါ။ 

အရင်လကလည်း အစ်ဇီယမ်မြို့ကို ယူကရိန်းတွေ ပြန်သိမ်းပိုက်နိုင်ချိန်မှာ လူ ၄၃၆ ရဲ့ ရုပ်အလောင်းတွေကို တူးဖော်တွေ့ရှိခဲပြီး အခုက ဒုတိယ တူးဖော်တွေ့ရှိမှုပါ။ 

ယူကရိန်းအာဏာပိုင်တွေက ရုရှားတပ်တွေကို သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေက ရက်စက် ကြမ်းကြုတ်မှုတွေကို ကျူးလွန်နေတယ်လို့ ပုံမှန်စွပ်စွဲလေ့ရှိပြီး အဲဒီစွဲချက်တွေကိုလည်း မော်စကိုက ငြင်းဆိုထားပါတယ်။ 

2 mins Ago
Up