close

လိုပက်တီဂူ

close

November 6, 2022

ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှ ဝုဗ်အသင်းကို နည်းပြ လိုပက်တီဂူ ကိုင်တွယ်ခွင့် ရမည်

ဝုဗ်အသင်းဟာ စပိန်နည်းပြ လိုပက်တီဂူကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပေမယ့် ကမ္ဘာ့ဖလား အပြီးမှ တာဝန်ယူ ကိုင်တွယ်နိုင်မယ်လို့ သိရပါတယ်။ 

ရီးရဲလ်မက်ဒရစ်နဲ့ ဆီဗီလာနည်းပြဟောင်းဟာ ဗြိတိန်မှာ အလုပ်လုပ်ခွင့် ပါမစ်ရဖို့ လျှောက်ထားဆဲဖြစ်တာကြောင့် လာမယ့်တစ်ပတ်ပွဲစဉ်ကိုလည်း တာဝန်ယူခွင့်ရရှိမှာ မဟုတ်သေးပါဘူး။ 

ဝုဗ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲစဉ်မှာ  ဆီမီဒိုရဲ့အနီကတ်ကြောင့် တယောက်လျော့နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ပါတယ်။ 

ကမ္ဘာ့ဖလားပွဲမတိုင်ခင် နောက်ဆုံးကစားရမယ့် လိဒ်ယူနိုက်တက်၊ အာဆင်နယ် ပွဲစဉ် ၂ ပွဲကို ယာယီ နည်းပြ စတိဒေးဗစ်က ဆက်လက် တာဝန်ယူသွားမှာပါ။ 

နည်းပြလိုပက်တီဂူဟာ အမှတ်ပေးဇယား အဆင့် ၁၉ ရောက်ရှိနေတဲ့ ဝုဗ်အသင်းကို ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးမှပဲ အသင်းနဲ့အတူ တရားဝင်ပူးပေါင်း လေ့ကျင့်ပေးနိုင်မှာ ဖြစ်ပါတယ်။

1 hour Ago
Up