လီဆိုသိုနိုင်ငံမှာ အောက်တိုဘာ ၇ ရက်က ပါလီမန်ရွေးကောက်ပွဲမှာ လီဆိုသိုနိုင်ငံသားများ မဲပေးခဲ့ကြပြီး နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ အာဏာရပါတီဟာ ရှုံးနိမ့်သွားနိုင်ကြောင်း ပြောကြပါတယ်။
မဲဆန္ဒတွေဟာ အစိုးရအပြောင်းအလဲကို လွှမ်းမိုးနိုင်မယ်လို့ မျှော်လင့်ကြောင်း မဲရုံကို စောစောလာရောက်တဲ့ မဲဆန္ဒရှင်တချို့က ပြောပါတယ်။
တောင်အာဖရိက တောင်တန်းနိုင်ငံတော် လီဆိုသိုမှာ လွှတ်တော်အမတ်တွေ ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကို နှစ်ပေါင်းများစွာ ကြုံခဲ့ကြရတာပါ။
လီဆိုသိုရဲ့ ပရမ်းပတာဖြစ်နေတဲ့ နိုင်ငံရေးကို ပြန်တည်ငြိမ်စေမယ့် မဲပေးပွဲ မတိုင်ခင်မှာ ပြဋ္ဌာန်းဖို့ဖြစ်တဲ့ အဓိက အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ တစုံလုံး လွှတ်တော်တွင်း ပိတ်ဆို့နေပေမယ့်လည်း ရွေးကောက်ပွဲက ခရီးရောက်နေပါပြီ။
ဘာဆိုသို ကွန်ဗင်းရှင်း (ABC) ပါတီဟာ ၂၀၁၇ ခုနှစ်မှာ စတင်ပြီး လူဦးရေ ၂ ဒသမ ၁၄ သန်း ရှိ တဲ့နိုင်ငံကို စီမံအုပ်ချုပ်ခဲ့ပေမယ့် ပါတီအတွင်း သဘောထားကွဲလွဲမှုတွေကြောင့် ၅ နှစ်တာကာလ အတွင်း ဝန်ကြီးချုပ် ၂ ဦး အပြောင်းအလဲ ရှိခဲ့ပါတယ်။
အဲဒီအချိန်မှာ (ABC) ပါတီရဲ့ အတိုက်အခံ ပြိုင်ဘက်တွေဖြစ်တဲ့ ဒီမိုကရက်တစ်ကွန်ဂရက် (DC) နဲ့ စီးပွားရေးသမား Sam Matekane ဦးဆောင်တဲ့ သာယာဝပြောရေး တော်လှန်ရေးအသစ် (RFP) ပါတီ ၂ ခုတို့ကို ဘက်ပြောင်းမှုတွေကြောင့် (ABC) မှာ အင်အားချည့်နဲ့သွားခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေဟာ လီဆိုသိုမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ နည်းပါးစေဖို့ ရည်ရွယ်တာ ဖြစ်ပေမဲ့ တဖွဲ့နဲ့တဖွဲ့ တွက်ကပ်နေကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက လီဆိုသိ်ရဲ့ အမြင့်ဆုံးတရားရုံးဟာ အရေးပေါ်အခြေအနေကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘဲ စီရင်ဆုံးဖြတ်ခဲ့ပါတယ်။