close

လီဆူဒူးလေးပါတီ

close

July 13, 2022

မြစ်ကြီးနားမြို့ရှိ လီဆူ ဒူးလေးပါတီရုံးတွင် ဗုံး ၃ လုံးပေါက်ကွဲ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လီဆူ ဒူးလေးပါတီရုံးမှာ ဇူလိုင် ၁၃ ရက် မနက်ပိုင်းက ဗုံး ၃ လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လယ်ကုန်းရပ်ကွက်၊ ပေါ်ဦးကွက်သစ်မှာ ဆောက်လုပ်ထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းရဲ့ လီဆူ ဒူးလေးပါတီရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “မနက် ၄ နာရီလောက်က ဒူးလေးပါတီရုံးမှာ ပေါက်တာ ဟုတ်တယ်။ သုံးလုံးလောက်ရှိတယ်။ ဘာတွေထိခိုက်သွားလဲတော့ မသိဘူး။ အဲရုံးနားမှာ စစ်ကားတွေရောက်ပြီး စစ်ဆေးတာတွေ ပြုလုပ်နေတယ်” လို့ ပြောပါတယ်။

လီဆူ ဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းရဲ့ လီဆူပြည်သူ့စစ်အဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတဲ့ လက်နက်ကိုင်အဖွဲ့တခုလည်း ဖြစ်ပါတယ်။

လယ်ကုန်းရပ်ကွက်နေ ပြည်သူတယောက်က “လီဆူပြည်သူ့စစ်အဖွဲ့က  စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတဲ့အဖွဲ့ ဖြစ်တယ်။ အဲ့ဒါကြောင့်လည်း ဗုံးလာဖောက်တာ ဖြစ်နိုင်တယ်” လို့ သုံးသပ် ပြောဆိုပါတယ်။

လီဆူ ဒူးလေးပါတီရုံး ဗုံးပေါက်ကွဲတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

2 mins Ago
Up