close

လီဗာပူးနည်းပြကလော့ပ်

close

April 24, 2023

ချန်ပီယံလိဂ်ဝင်ခွင့်အကြောင်း မစဉ်းစားနိုင်သေးဟု လီဗာပူးနည်းပြကလော့ပ်ပြော

လီဗာပူးအသင်းအနေနဲ့ လာမယ့်နှစ်ဥရောပချန်ပီယံလိဂ်ဝင်ခွင့်အတွက် မစဉ်းစားနိုင်သေးကြောင်း နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။

လီဗာပူးအသင်းဟာ ရလဒ်ဆိုးရွားမှုတွေကြောင့် ရမှတ်တွေဆုံးရှုံးခဲ့ရပေမဲ့ နောက်ဆုံး ၄ ပွဲဆက်တိုက် ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၇ မှာရပ် တည်နေတာပါ။

အဆင့်လေးနေရာက မန်ယူအသင်းထက်တစ်ပွဲပိုအခြေအနေမှာ ၉ မှတ်ကွာဟနေဆဲဖြစ်ပြီး လက်ရှိအချိန်မှာ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ မစဉ်းစားနိုင်သေးကြောင်း နည်းပြ ကလော့ပ်ကပြောခဲ့တာပါ။

အဆင့် လေးအတွင်းဝင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမရက လာမယ့်ရက် သတ္တပတ်တွေအတွင်းမှာ စောင့်ကြည့်ရမှာ ဖြစ်ပြီး လက်ရှိအခြေအနေအရတော့ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးလို့မရဘဲ တစ်ပွဲချင်းစီသာ အာရုံစိုက်ကစားသွားဖို့လိုတယ်လို့ နည်းပြကလော့ပ်က ပြောပါတယ်။

လီဗာပူးအသင်းဟာလက်ကျန် ၇ ပွဲမှာ ဝက်စ်ဟမ်း၊ စပါး၊ ဖူဟမ်၊ ဘရန့်ဖို့ဒ်၊ လက်စတာ၊ ဗီလာ၊ ဆောက်သမ်တန်အသင်းတွေနဲ့ ဆက်တိုက်ကစားသွားရမှာဖြစ်ပါတယ်။ 

2 mins Ago

November 12, 2022

လီဗာပူးနည်းပြကလော့ပ် ၁ ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးချမှတ်ခံရ

မန်စီးတီးနဲ့ပွဲမှာ ထုတ်ပယ်ခံခဲ့ရတဲ့ လီဗာပူးနည်းပြ ကလော့ပ်ကို  အင်္ဂလန်အက်ဖ်အေဟာ  တပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေပေါင် ၃၀,၀၀၀ ချမှတ်ခဲ့ပါတယ်။

ကလော့ပ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာ  ၁၆ ရက်က မန်စီးတီးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဆာလာကို ပြစ်ဒဏ်ဘော ကျူးလွန်ခံရမှုအပေါ် သတ်မှတ်ပေးခြင်းမရှိလို့ ဒိုင်ကို ပြင်းပြင်းထန်ထန် စောဒတက်ခဲ့တာပါ။

အဲဒီဖြစ်ရပ်အပေါ် ဒေါသတကြီးတုံပြန်ခဲ့တဲ့ ကလော့ပ်ကို ဒိုင်လူကြီးက အနီကတ်ပြ ထုတ်ပယ်ခဲ့တာပါ။

ပြစ်ဒဏ်အပေါ် လီဗာပူးဘက်က အယူခံတင်သွင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ တပွဲပယ်နဲ့ ဒဏ်ကြေး ၃၀,၀၀၀ ချမှတ်လိုက်တာပါ။

ဒါကြောင့် ကလော့ပ်ဟာ  စနေနေ့မှာကစားရမယ့် ဆောက်သမ်တန်နဲ့ပွဲစဉ်ကို ကိုင်တွယ်ခွင့်ရမှာမဟုတ်ဘဲ ပွဲပယ်ပြစ်ဒဏ်ကို ခံယူသွားရမှာဖြစ်ပါတယ်။

5 months Ago
Up