close

လီဗာပူးအသင်းသား

close

July 17, 2022

တိုက်စစ်မှူး နူနက်ဇ် ဂိုးသွင်းယူနိုင်ရန် လီဗာပူးအသင်းသားများ ကူညီမည်ဟု အာနိုးလ်ပြော

လန်ဒန်မြို့က ဘက်စ်ကားတွေလိုပဲ တိုက်စစ်မှူးသစ် ဒါဝင်နူနက်ဇ်ရဲ့သွင်းဂိုးတွေ လာလိမ့်မယ်လို့ လီဗာပူးနောက်ခံလူ အာနိုးလ်ကပြောပါတယ်။ 

ဘင်ဖီကာအသင်းကနေ ယူရိုသန်း ၁၀၀ အထိ မြင့်မားသွားနိုင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ လီဗာပူးနဲ့ ခြေစမ်းပွဲ ၂ ပွဲမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ အဲဒီအပေါ်မှာ နူနက်ဇ်ရဲ့ ဂိုးသွင်းစွမ်းရည်အပေါ် ဝေဖန်သုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။ 

အသင်းဖော် အာနိုးလ်ကတော့ နူနက်ဇ်ဟာ အသင်းရဲ့ကစားပုံကို လေ့လာသင်ယူနေဆဲဖြစ်ပြီး အသင်းဖော်တွေဘက်ကလည်း နူနက်ဇ်ရဲ့ ကစားပုံကို လေ့လာနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ 

“သူဂိုးတွေ သွင်းယူနိုင်ဖို့ ကျနော်တို့က ကူညီပေးသွားမယ်ဆိုတာ သေချာပါတယ်။ သူ့အနေနဲ့ အသင်းအတွက် ပထမဆုံးသွင်းဂိုးရဖို့ ရုန်းကန်နေရပေမယ့် တချိန်မှာတော့ လန်ဒန်က ဘက်စ်ကားတွေလို သူ့ရဲ့သွင်းဂိုးတွေ လာတော့မယ်ဆိုတာ သေချာပါတယ်” လို့ အာနိုးလ်က ပြောပါတယ်။ 

မနှစ်က ဘင်ဖီကာမှာ ၂၆ ဂိုး သွင်းခဲ့တဲ့ တိုက်စစ်မှူး နူနက်ဇ်ဟာ မန်ယူနဲ့ပွဲမှာ နာရီဝက်ခန့် လူစားလဲကစားခဲ့သလို ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာလည်း နာရီဝက်သာ လူစားလဲ ကစားခွင့်ရခဲ့ပါတယ်။

2 mins Ago
Up