close

လုပ်ငန်းခွင်ပြန်ဝင်ရက်

close

June 8, 2022

CDM ဆရာ၊ ဆရာမများ လုပ်ငန်းခွင်ပြန်ဝင်ရန် သတ်မှတ်ရက် စစ်ကောင်စီက အကြိမ်ကြိမ် ထပ်တိုး

အာဏာဖီဆန် CDM လှုပ်ရှာားမှုမှာပါဝင်နေကြတဲ့ ဆရာ၊ ဆရာမတွေကို အခုဇွန်လ ၇ ရက်နေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ စစ်ကောင်စီက ဖိတ်ခေါ်ထားရာမှာ ဆရာ၊ ဆရာမ ၂၉၆၀ ဦး ပြန်လည်ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ထပ်မံဆက်သွယ်လိုတဲ့ ဆရာ၊ ဆရာမတွေကို အချိန်ပေးတဲ့အနေနဲ့ လုပ်ငန်းခွင်ပြန်ဝင်ဖို့ ဆက်သွယ်ရမယ့် နောက်ဆုံးရက်ကို ဇွန်လ ၁၄ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီက ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဆက်သွယ်သတင်းပို့ဖို့ ဆန္ဒရှိပေမဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ တခြားအခက်အခဲတွေကြောင့် သတ်မှတ်ရက်အတွင်း သတင်းပို့နိုင်ခြင်းမရှိတဲ့ ဆရာ၊ ဆရာမတွေ သတင်းပို့ဆက်သွယ်ရမယ့်ရက်ကို  ၁၄ ရက် ၆ လ ၂၀၂၂ အထိ ထပ်မံတိုးမြှင့်သတ်မှတ်ပေးလိုက်တာလို့ စစ်ကောင်စီက ကြေညာခဲ့တာ ဖြစ်ပါတယ်။

အခုလိုမျိုး ဆရာ၊ ဆရာမတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့အတွက် ထုတ်ပြန်ချက်အပေါ် တချို့  CDM ဆရာ၊ ဆရာမတွေက စိတ်ဝင်စားကြသူရှိသလို စစ်အာဏာရှင်ကို အဆုံးစွန်အထိ ဆက်လက် ဆန့်ကျင်သွားမယ်ဆိုတဲ့ ဆရာ ဆရာမတွေလည်း ရှိပါတယ်။

ဧရာဝတီတိုင်းအတွင်းက မူလတန်းပြ CDM ဆရာတစ်ဦးက  “သူတို့ဘာ သူတို့ ရက်ဘယ်လောက်တိုးတိုး ကျနော်ကတော့ ပြန်မသွားတော့ဘူး။ တချို့ ကျနော့်အသိတွေ CDM ဆက်မလုပ်တော့တာတွေ ရှိတယ်။ ဒါလည်း သူတို့ခံယူချက်နဲ့ သူတို့ပေ့ါ။ အခုက ကျောင်းတွေ ပြန်အပ်နေကြပြီး ပုံမုန်ကြီးလို ဖြစ်နေတာကိုး” လို့ ပြောပါတယ်။

လက်ရှိ ၂၀၂၂-၂၃ ပညာသင်နှစ်အတွင်း အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ ၅ သန်းကျော် ကျောင်းအပ်နှံထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

1 min Ago
Up