close

လုပ်ငန်း ၈၈၂ ခု

close

March 26, 2022

ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာ လုပ်ငန်း ၈၈၂ ခုကို စစ်ကောင်စီက ငွေထုတ်ချေး

ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့  မီဒီယာနယ်ပယ်က ကုမ္ပဏီ လုပ်ငန်း ၈၈၂ခုကို ကိုဗစ်-၁၉ ရန်ပုံငွေကနေ ချေးငွေ ထုတ်ယူခွင့်ပြုကြောင်း စစ်ကောင်စီလက်အောက်ခံ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ကြေညာပါတယ်။ 

ချေးငွေထုတ်ပေးဖို့ လျှောက်ထားလာတဲ့  ကုမ္ပဏီ/ လုပ်ငန်းတွေ အနက် လုပ်ငန်း ၈၈၂ ခု ကို ကိုဗစ်-၁၉ ရန်ပုံငွေကနေ ပထမအသုတ် ချေးငွေအဖြစ် ခွင့်ပြုပေးဖို့ ကော်မတီက ထပ်မံ စီစစ်အတည်ပြုခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ 

ချေးငွေထုတ်ယူခွင့် ရရှိသူတွေကို ဘဏ်လုပ်ထုံး လုပ်နည်းတွေနဲ့အညီ စိစစ်ပြီး ချေးငွေထုတ်ပေးသွားမှာဖြစ်ပြီး ဘဏ်တစ်ခုခုမှ တရားစွဲဆိုခံထားရတဲ့ လုပ်ငန်းဖြစ်ပါက ချေးငွေထုတ်ပေးမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကလည်း အဆိုပါလုပ်ငန်းတွေလုပ်ကိုင်တဲ့  ကုမ္ပဏီ/ လုပ်ငန်း ၁၁၆  ခုကို ကိုဗစ်ချေးငွေထုတ်ပေးခဲ့ပါတယ်။

2 mins Ago
Up