close

လုံခြုံရေးကင်မရာ

close

November 26, 2022

တရုတ်ထုတ် လုံခြုံရေးကင်မရာများ ဖြုတ်သိမ်းရန် ဗြိတိန်အစိုးရ ညွှန်ကြား

ဗြိတိန်အစိုးရက နိုင်ငံတွင်းအရေးပါတဲ့ အဆောက်အအုံတွေမှာ တရုတ်နဲ့ ချိတ်ဆက်ထားတဲ့ လုံခြုံရေးစောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားတာကို လုံခြုံရေးအန္တရာယ်အကြောင်းပြချက်နဲ့ ရပ်တန့်ဖို့ သူ့ရဲ့ ဌာနဆိုင်ရာတွေကို အမိန့်ထုတ် ညွှန်ကြားထားပါတယ်။ 

ဗြိတိန်လွှတ်တော်အမတ် ဒါဇင်ပေါင်းများစွာဟာ တရုတ်အစိုးရ-တစိတ်တပိုင်း-ပိုင်ဆိုင်တဲ့ ဟိုက်ဗစ်ရှင်နဲ့ တာ့ဟွာတရုတ်ကုမ္ပဏီ နှစ်ခုဆီက လုံခြုံရေးကင်မရာတွေကို ရောင်းချခွင့်နဲ့ အသုံးပြု ခြင်းတို့ကို တားမြစ်ဖို့ တောင်းဆိုခဲ့ပြီးနောက် လပိုင်းအတွင်း ဒီညွှန်ကြားချက် ထွက်လာတာပါ။ 

ဒါနဲ့ ပတ်သက်ပြီး တရုတ်အစိုးရကတော့ တရုတ်ကုမ္ပဏီတွေရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ခုခံကာကွယ်သွားမှာ ဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက "တရုတ်စီးပွားရေးလုပ်ငန်းတွေကို ကန့်သတ်ဖို့ အမျိုးသားလုံခြုံရေး အယူအဆကိုအလွန်အကျွံ ကျင့်သုံးနေတဲ့ လူတချို့ရဲ့ လုပ်ဆောင်ချက်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်" လို့ နိုဝင်ဘာ ၂၅ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

တရုတ်နိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေ အပေါ် ကိုယ်ရေးကိုယ်တာ ကြောက်ရွံ့မှုတွေနဲ့ စိုးရိမ်မှုတွေ ရှိလာတာကြောင့်လို့ ဆိုပါတယ်။

ဟိုက်ဗစ်ရှင်ကုမ္ပဏီက ရိုက်တာကို ထုတ်ပြန်ချက်ထဲမှာ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး ကုမ္ပဏီအနေနဲ့ အဲဒီဆုံးဖြတ်ချက်ကို နားလည်သဘောပေါက်ဖို့ ဗြိတိန်အာဏာပိုင်တွေနဲ့ ထပ်မံပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

5 mins Ago
Up