close

လုံခြုံရေးစစ်သား

close

November 13, 2021

တောင်သာမြို့နယ် တပင်ကန်ဂိတ်မှ ထွက်ပြေးသည့် လုံခြုံရေးစစ်သား ၂ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တပင်ကန်စစ်ဆေးရေးဂိတ်က လုံခြုံရေးတာဝန်ကျ စစ်ကောင်စီ တပ်သား  ၂  ယောက် ပြည်သူ့ဘက်ရပ်တည်ဖို့ ထွက်ပြေးရာမှာ ပစ်သတ်ခံလိုက်ရတယ်လို့ မြို့ခံတွေ့ထံက သိရပါတယ်။

တပင်ကန်ဂိတ်က ဂိတ်စောင့် စစ်သား ၂ ဦးဟာ  နိုဝင်ဘာ ၉ ရက်နေ့က ပြည်သူ့ဘက်ရပ်တည်ဖို့ ဂိတ်ကနေ ထွက်ပြေးကြတာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့  တောနင်းရှာဖွေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဘိန်းနွယ်ကုန်းရွာ တောင်ဘက်မှာ ရင်ဆိုင်တွေ့ဆုံပြီး နှစ်ဖက် ပစ်ခတ်မှုတွေ ဖြစ်ပြီး ကျဆုံးသွားတာလို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့  စစ်သား ၂ ယောက်ဟာ တပ်မ (၉၉) မိထ္တီလာ အခြေစိုက်တပ်ရင်းက ဖြစ်ပြီး ပြည်သူ့ဘက်တော်သား စစ်သား ၂ ဦးရဲ့  ရုပ်အလောင်းတွေကို  စစ်တပ်က ပြန်သယ်သွားတယ်လို့ သိရပါတယ်။

54 seconds Ago
Up