close

လုံခြုံရေးတန်းလျား

close

February 23, 2022

နောင်ချိုဘူတာ ဝန်ထမ်းလိုင်းခန်းနှင့် လုံခြုံရေးတန်းလျားတိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ ဖေဖော်ဝါရီ ၂၃ ရက် ဒီမနက် ၁ နာရီခွဲလောက်က နောင်ချိုဘူတာရုံ ၀န်ထမ်းလိုင်းခန်းနဲ့ လုံခြုံရေး တန်းလျားကို အမည်မသိလက်နက်ကိုင်အဖွဲ့က ၀င်ရောက်တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“နောင်ချိုမြို့ ဘူတာရုံနဲ့ ကတီပင် ဘုန်းကြီးကျောင်းတောင်ဘက်မှာ ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရပြီး လက်နက်ကြီးသံတွေ ပေါက်ကွဲသံတွေပါ ကြားနေရတယ်”လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

နာရီဝက်လောက် အပြန်အလှန်တိုက်ခိုက်မှုအတွင်း အရပ်သားတချို့ ထိခိုက်ဒဏ်ရာ အနည်းငယ် ရခဲ့ပြီး ဘူတာရုံလိုင်းခန်းတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးသလို ဘယ်အဖွဲ့ကမှ သူတို့လက်ချက်လို့ ထုတ်ပြန်တာလည်း မရှိသေးပါဘူး။ 

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေများစွာ  ရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေလည်း အားကောင်းတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

2 mins Ago
Up