ကနီမြို့နယ်မှာ ဖေဖော်ဝါရီ ၅ ရက် ဒီနေ့ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ်စစ်ကြောင်းကို ရွှေတြိဂံတပ်ရင်း၊ ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်)နဲ့ ဒေသခံ ပ.က.ဖ တပ်ဖွဲ့တွေက လုံခြုံရေးယူပေးခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မနက်မှာ တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ကို ထိန်းသိမ်းလိုက်ပြီးနောက် နေပြည်တော်ရှိ လွှတ်တော်သွား ရာ လမ်းပေါ်မှာ စစ်သားတွေက ပိတ်ဆို့ လုံခြုံရေးယူနေတာကို မြင်တွေ့ရပါတယ်။
ဒီကနေ့မနက် တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပဖို့ စီစဉ်ထားချိန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ တပ်မတော်က အာဏာသိမ်းယူ လိုက်တာဖြစ်ပါတယ်။