close

လုံခြုံရေးဝန်ထမ်း

close

October 10, 2021

လုံခြုံရေးဝန်ထမ်းကို ထိုးကြိတ်ခဲ့သည့် မန်ယူနောက်ခံလူဟောင်းရိုဟိုကို ၅ ပွဲပယ်ပြစ်ဒဏ်ချမှတ်

တောင်အမေရိကချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ လုံခြုံရေးဝန်ထမ်းကို ထိုးကြိတ်ခဲ့တဲ့နောက်ခံလူ ရိုဟိုကို ၅ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေး ပေါင် ၁ သောင်း ၈ ထောင်ချမှတ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က  ဘရာဇီးကလပ် အက်သလက်တီကိုမင်နဲရိုးနဲ့ ပွဲစဉ်အပြီးမှာ ဘိုကာဂျူနီယာနောက်ခံလူ ရိုဟိုက ကွင်းလုံခြုံရေးဝန်ထမ်းကို လက်သီးနဲ့ ထိုးကြိတ်ခဲ့တာပါ။ 

အဲဒီရှုံးထွက်ပွဲစဉ်မှာ ပွဲချိန်အတွင်း ဂိုးမရှိသရေကျခဲ့ပြီး ဒုတိယပိုင်းမှာ ဘိုကာဂျူနီယာဘက်က သွင်းခဲ့တဲ့ဂိုးဟာ လူကျွံခဲ့လို့ ဒိုင်လူကြီးက ပယ်ဖျက်ခဲ့ပါတယ်။ 

ပွဲအပြီး ပင်နယ်တီကန်သွင်းရာမှာတော့ အက်သလက်တီကို မင်နဲရိုးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ဘိုကာဂျူနီယာအသင်းသားတွေဟာ မင်နဲရိုး ကစားသမားတွေရှိတဲ့ အဝတ်လဲခန်းအထိ သွားရောက်ရန်ရှာခဲ့ကြတာပါ။

အာဂျင်တီးနား မီဒီယာတွေကတော့ မင်နဲရိုးအသင်း ဥက္ကဋ္ဌက အဝတ်လဲခန်းနားမှာ လှောင်ပြောင်မှုပြုလုပ်ခဲ့တာကြောင့် ဘိုကာဂျူနီယားအသင်းသားတွေက ဒေါသထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

အဲဒီအဖြစ်အပျက်ကို ထိန်းဖို့ လုံခြုံရေးဝန်ထမ်းတွေက တားဆီးခဲ့ရာမှာ ရိုဟိုက ပြန်လည်ထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။ 

အသက် ၃၁ နှစ်ရှိ ရိုဟိုဟာ မန်ယူအသင်းမှာ  ၂၀၂ဝ ပြည့်နှစ် ဒီဇင်ဘာအထိကစားခဲ့ပြီးနောက် ဘိုကာဂျူနီယာအသင်းကို အလွတ်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

4 mins Ago

July 30, 2020

မကွေးတိုင်းတွင် ကျန်းမာရေး၊ ပညာရေးနှင့် လုံခြုံရေးဝန်ထမ်း မလုံလောက်

မကွေးတိုင်းအတွင်းမှာ ကျန်းမာရေး၊ ပညာရေးနဲ့ လုံခြုံရေးဝန်ထမ်း လုံလောက်မှု မရှိဘူးလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က  အစိုးရစတုတ္ထတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက "မကွေးတိုင်းဒေသကြီး အတွင်းမှာ အလကခွဲကနေ အထကအဆင့် ထိကျောင်းပေါင်း ၁၀၀၀ ကျော်ထိ အဆင့်တိုးမြှင့်ပေး ခဲ့ပေမဲ့ ဆရာ၊ဆရာမတွေ လုံလောက်အောင် မခန့်ထားနိုင်ဘူး”လို့ ပြောပါတယ်။ မကွေးတိုင်းအတွင်းက ဆေးရုံတွေမှာ ဆရာဝန်လိုအပ်ချက် ၁၀၀ ကျော်ရှိနေပြီး တိုက်နယ်ဆေးရုံ ၄ ခုအနက် နတ်မောက်မြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်က တိုက်နယ်ဆေးရုံတွေမှာသာ ဆရာဝန်ချထားပေးနိုင်သေးတယ်လို့ သိရပါတယ်။ ဒါအပြင် လုံခြုံရေးနဲ့ပတ်သက်လို့ နိုင်ငံတကာ စံနှုန်းအရ ပြည်သူ ၄၀၀ ကို ရဲတပ်ဖွဲ့ဝင် တစ်ဦးနှုန်း သတ်မှတ်ထားပေမယ့် ပြည်သူ ၁၂၀၀ ခန့်ကို ရဲတပ်ဖွဲ့ဝင်တစ်ဦးသာ တာဝန်ယူနေရတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါကြောင့်မို့ ကျန်းမာရေး၊ ပညာရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လောင်းကစားမှု ပပျောက်ရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာ အားနည်းချက်တွေ ရှိနေတယ်လို့ အစိုးရ စတုတ္ထတစ်နှစ်တာ လုပ်ဆောင်ချက်သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ပြောသွားပါတယ်။ သတင်း-မင်းထီး
1 year Ago
Up