close

လူကုန်ကူးဂိုဏ်း

close

October 9, 2022

လူကုန်ကူးဂိုဏ်းတခုအား ဗြိတိန်ရဲတပ်ဖွဲ့ ဖြိုခွင်း

အယ်လ်ဘေးနီးယား ရွှေ့ပြောင်းနေထိုင်သူတွေကို စပိန်ကနေ ဗြိတိန်နိုင်ငံကို လှေတွေ၊ ကူးတို့ယာဉ်တွေထဲမှာ ဖုံးကွယ်ပြီး လူကုန်ကူးတဲ့ ဂိုဏ်းတခုအား ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့တယ်လို့ စပိန်ရဲတပ်ဖွဲ့က အောက်တိုဘာ ၈ ရက်မှာ ပြောလိုက်ပါတယ်။ 

ရွှေ့ပြောင်းနေထိုင်သူတွေထဲက တချို့ဟာ ကလေးငယ်တွေဖြစ်ပြီး သူတို့နိုင်ငံကနေ ဗြိတိန်ကို ထွက်ခွာဖို့ လူကုန်ကူးဂိုဏ်းကို ယူရို ၃၀၀၀ ကနေ ယူရို ၁၅,၀၀၀ ကြား ပေးချေခဲ့ရတာပါ။

ဒီဂိုဏ်းဟာ ၂၀၁၄ ခုနှစ် ကတည်းက အယ်လ်ဘေးနီးယားကနေ ဗြိတိန်ဆီ ရွှေ့ပြောင်းနေ ထိုင်သူတွေကို လူကုန်ကူးခဲ့တယ်လို့ မြို့ပြအစောင့်တပ်ဖွဲ့က ပြောပေမယ့် လူ အရေအတွက် ဘယ်လောက် ခရီးထွက်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။ 

ရွှေ့ပြောင်းနေထိုင်သူတွေဟာ စပိန်မြောက်ပိုင်းက စန်တန်ဒါနဲ့ ဘီလ်ဘောင် ဆိပ်ကမ်းတွေနားမှာ စခန်းချပြီး လှေတွေပေါ်ကို တိတ်တဆိတ်တက်ခဲ့ကြတာပါ။

ဗြိတိန် အမျိုးသား ရာဇ၀တ်မှု အေဂျင်စီနဲ့ စစ်ဆင်ရေးတခုမှာ အယ်လ်ဘေးနီးယားနိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စပိန်အရပ်ဘက်အစောင့်တပ်ဖွဲ့က ပြောပါတယ်. 

“လျှို့ဝှက်နည်းလမ်းတွေကို သုံးတာက ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အသက် ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ထိခိုက်စေတယ်။ တချို့က အရွယ်မရောက်သေးသူတွေပါ”လို့ မြို့ပြအစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အမည်မဖော်တဲ့ သံသယရှိသူတွေကို အောက်တိုဘာ ၃ ရက် နဲ့ အောက်တိုဘာ ၅ ရက်တို့မှာ ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၇ ရက်မှာ စပိန်မြောက်ပိုင်း ဘာရာကယ်ဒိုမှာရှိတဲ့ တရားရုံးတခုမှာ သူတို့ကို ရုံးထုတ်ခဲ့ပါတယ်။ နှစ်ဦးကို ဆက်ချုပ်နှောင်ထားပြီး ငါးဦးကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ 

8 mins Ago
Up