close

လူငယ်တာဝန်ခံ

close

April 14, 2023

အထက်မင်းလှမြို့နယ် NLD ပါတီ လူငယ်တာဝန်ခံ၏နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်

မကွေးတိုင်း မင်းလှမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လူငယ်တာဝန်ခံရဲ့ နေအိမ်ကို ဧပြီ ၁၄ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လရောက်ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အထက်မင်းလှမြို့နယ် ရှမ်းတပ်ကြီးကျေးရွာမှာ ဧပြီ ၁၄ ရက် မနက် ၉ နာရီလောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လူငယ်တာဝန်ခံ ကိုကျော်သူရရဲ့ နေအိမ်ကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက လာရောက်ချိပ်ပိတ်သွားတယ်လို့ ရှမ်းတပ်ကြီး ကျေးရွာဒေသခံတယောက်က ပြောပါတယ်။

သရက်ခရိုင်က ရဲတွေနဲ့ စစ်ကောင်စီတပ်သားတွေရယ်၊ ရေနံမနယ်မြေရဲစခန်းနဲ့ ရှမ်းတပ်ကြီးရဲကင်းက ရဲတွေ အင်အား ၈ ယောက်လောက်က ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေ မပါဘဲ လာရောက်ချိပ်ပိတ်သွားတာလို့ ဆိုပါတယ်။

ကိုကျော်သူရဟာ မင်းလှမြို့နယ် NLD ပါတီ လူငယ်တာဝန်ခံတယောက်ဖြစ်သလို စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေမှာ ဦဆောင်ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) တို့နဲ့ ဝရမ်းထုတ်ခံထားရတာလို့ ဆိုပါတယ်။

မကွေးတိုင်းအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ NLD ပါတီဝင်တွေနဲ့ ပါတီထောက်ခံဝန်းရံသူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက မကြာခဏ ချိပ်ပိတ်နေသလို အပြစ်မဲ့ပြည်သူတွေကိုလည်း မကြာခဏ ဖမ်းဆီးနေတယ်လို့ ဒေသခံက ပြောပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် မေ ၂၀ ရက်နေ့အထိ နိုင်ငံတဝန်းမှာ နေအိမ်ပေါင်း ၅၈၀ ကျော် စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့ရာမှာ မကွေးတိုင်းအတွင်းက နေအိမ် ၄၈ လုံးပါတယ်လို ISP-Myanmar က ထုတ်ပြန်ထားပါတယ်။

13 hours Ago

April 19, 2021

မိုးကုတ်က တအာင်းပလောင်လူငယ်တာဝန်ခံနှင့် လီဆူသူဌေးတဦးကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီး

မန္တလေးတိုင်း​ဒေသကြီး မိုးကုတ်မြို့က တအာင်းပလောင်လူငယ်တာဝန်ခံ ကိုမိုင်းဝဏ္ဏနဲ့ လီဆူသူဌေး ဦးအောင်သိန်းတို့ကို ဧပြီ ၁၉ ရက်နေ့ မနက် ၅ နာရီလောက်က အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက အင်အားသုံးပြီး နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ကိုမိုင်းဝဏ္ဏကို တအာင်းပလောင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပတ်သက်တယ်လို့ ယူဆပြီး ဖမ်းဆီးတာဖြစ်ပြီး ဖုန်းနဲ့ လက်ပ်တော့ကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

ဦးအောင်သိန်းကိုတော့ ဘာကြောင့်ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။

ကိုမိုင်းဝဏ္ဏက မိုးကုတ်မြို့မှာ တအာင်းလူငယ်အရေးတွေကို တာဝန်ယူဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါတယ်။

ပလောင်ကျေးရွာဖြစ်တဲ့ ဖြူရောင်ကျေးရွာမှာ အာဏာသိမ်းစစ်တပ်က အင်အားသုံးတပ်စွဲ ထားပြီး အောင်ချမ်းသာ ရပ်ကွက်ထဲမှာလည်း အင်အားသုံးကာ တပ်ဖြန့်ထားတယ်လို့သိရပါတယ်။

2 years Ago
Up