close

လူငယ်တိုက်ခိုက်သောနေ့

close

March 31, 2022

ချီလီတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ၅၅ ဦး ဖမ်းဆီးခံရ

ချီလီနိုင်ငံ ပွန်တာအရီနာမြို့မှာ မတ် ၂၉ ရက်က ကျရောက်တဲ့ ‘လူငယ်တိုက်ခိုက်သောနေ့’ (Day of the Young Combatant) မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ရဲတွေက မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲတာကြောင့် ဆန္ဒပြသူတွေက ဓာတ်ဆီပုလင်းတွေ၊ ကျောက်ခဲတွေနဲ့ ပြန်ပစ်ပေါက်ခဲ့တာပါ။

ဆန္ဒပြသူ ၅၅ ဦး အဖမ်းခံရပြီး ရဲ ၅ ဦး ဒဏ်ရာရသွားပါတယ်။ ဒါပေမဲ့ ပြည်ထဲရေး ဒုတိယဝန်ကြီး မန်နျူရယ် မွန်ဆာလက်က နှစ်စဉ် လူငယ်တိုက်ခိုက်သောနေ့မှာ ပုံမှန် ဆန္ဒပြမှုတွေရှိပြီး အရင်နှစ်တွေထက်စာရင် အကြမ်းဖက်ဖြစ်ပွားမှု ၅၀ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ ပြောပါတယ်။

လူငယ်တိုက်ခိုက်သောနေ့ဟာ အာဏာရှင် ပီနိုရှေးလက်ထက် ၁၉၈၅ ခုနှစ်၊ မတ် ၂၉ ရက်မှာ ရဲတွေလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ရာဖေးနဲ့ အက်ဒွါဒို လူငယ်ညီအစ်ကိုနှစ်ဦးကို အထိမ်းအမှတ် ပြုထားတာပါ။ အဲဒီနေ့ရောက်တိုင်း ရဲတွေနဲ့ လူငယ်တွေ ပဋိပက္ခ ဖြစ်လေ့ရှိပါတယ်။

3 mins Ago
Up