close

လူငယ်ဓာတ်ပုံဆရာ

close

August 13, 2022

ကလေးမြို့တွင် ယာဉ်တိုက်မှုဖြစ်ပြီး လူငယ်ဓာတ်ပုံဆရာ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဩဂုတ် ၁၁ ရက် ညနေပိုင်းက အောင်သစ္စာရပ်ကွက် သုခကမ္ဘာလမ်းထိပ်မှာ ယာဉ်တိုက်မှု ဖြစ်ပွားပြီး လူငယ်တယောက် သေဆုံးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ခံတဦးက “ဆိုက်တွဲမောင်းတဲ့သူက မူးနေရင်း မောင်းတာ။ မူးနေတဲ့အတွက် မှားတာ။ ဆိုက်တွဲနဲ့ ဆိုင်ကယ်နဲ့ ချိတ်ပြီး လဲသွားကာ ဆိုက်တွဲမောင်းတဲ့ မူး‌နေတဲ့သူက ဒဏ်ရာရရှိသွားတယ်လို့ သိရပြီး ဆိုင်ကယ်မောင်းတဲ့သူကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်။” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ လူငယ်အမျိုးသားဟာ မြို့သာရပ်ကွက်နေ ကိုအောင်စိုးဝင်းဖြစ်ပြီး သူက ဓာတ်ပုံဆရာတယောက် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားသူရဲ့ အလောင်းကို ကလေးမြို့ ပုညကုသလ နာရေးအသင်းကားနဲ့ သယ်ဆောင်ပေးခဲ့တယ်လို့ သိရပြီး ပွန်းပဲ့ဒဏ်ရာရသူတယောက်ကိုတော့ ကလေးမြို့ ကရုဏာအသင်းကားနဲ့ ပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့မှာ မြို့လယ်ခေါင်မီးပွိုင့်တွေက အချက်ပြမီး အလုပ်မလုပ်တော့တာကြောင့် ဒေသခံတွေအနေနဲ့ ဆိုင်ကယ်မောင်းနှင်ရတာ အခက်အခဲ ဖြစ်နေကြတယ်လို့လည်း ပြောပါတယ်။

56 seconds Ago
Up