close

လူငယ်သပိတ်စစ်ကြောင်း

close

October 11, 2021

မန္တလေး လူငယ်သပိတ်စစ်ကြောင်းကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းပြီး အမျိုးသမီး ၂ ဦးကို ဖမ်းဆီး

မန္တလေးမြို့မှာ စစ်အာဏာရှင်ပြုတ်ကျရေး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ မန္တလေး လူငယ် သပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာ ၁၁ ရက် ဒီ ညနေ ၅ နာရီကျော်မှာ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

၆၂ လမ်း သိပ္ပံလမ်း အနီး သပိတ်စစ်ကြောင်းအပြီးမှာ အရပ်ဝတ် အိမ်စီးကားတွေနဲ့ လာရောက် ပစ်ခတ်ဖြိုခွဲတာဖြစ်ပြီး ဆန္ဒပြ အမျိုးသမီး နှစ်ယောက် ဖမ်းဆီးခံထားရတယ်လို့ ကနဦး သိရပါတယ်။

“သူတို့က တီဗွီတွေ သတင်းစာရှင်းလင်းပွဲတွေကနေ တဆင့် ဘယ်လိုပဲ စနစ်တကျဖြိုခွင်းတာလို့ ပြောပြော ဒါက လိမ်နေကြတာ။ လက်တွေ့မြေပြင်မှာ အရပ်ဝတ်တွေနဲ့ ဘာမှ လက်နက်မပါဘဲ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို ပစ်ခတ်ဖမ်းဆီးနေတာ။” လို့ စစ်ကြောင်းမှာ ပါဝင်သူ လူငယ်တစ်ဦး က ပြောပါတယ်။

မန္တလေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်တွေဟာ  အရပ်ဝတ်တွေနဲ့ လမ်းထောင့်တွေမှာ စောင့်ကြည့်စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

13 mins Ago
Up