ဘရိုက်တန်ကွင်းလယ်လူ ထရော့ဆတ်ဟာ လီဗာပူးနဲ့ ကစားမယ့် အသင်းလူစာရင်းကနေ ဖယ်ရှားခံခဲ့ရပါတယ်။
ထရော့ဆတ်ဟာ ဘရိုက်တန်မှာခြေစွမ်းပြသနေတဲ့ ကစားသမားတွေထဲက တစ်ဦးပါ။ သူဟာ အသင်းရဲ့ လေ့ကျင်ရေး ကွင်းအစီအစဉ်ကို အကြောင်းကြားခြင်းမရှိဘဲ ပျက်ခဲ့ပြီးနောက် လီဗာပူးနဲ့ စနေနေ့မှာ ကစားမယ့် လူစာရင်းကနေ ဖယ်ရှားခံခဲ့ရတာပါ။
နည်းပြ ရော်ဘတ်တို ဒီဇာဘီကိုယ်တိုင်ကလည်း လေ့ကျင့်ရေးပျက်ကွက်ခဲ့တဲ့ ထရော့ဆတ်ရဲ့ စိတ်နေစိတ်ထားကို မကြိုက်နှစ်သက်ကြောင်း၊ အဲဒီပြဿနာနဲ့ ပတ်သက်လို့ ကစားသမားနဲ့ ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း နည်းပြ ဒီဇာဘီကပြောပါတယ်။
ဘယ်လ်ဂျီယံကွင်းလယ်တိုက်စစ်ကစားသမား ထရော့ဆတ်ရဲ့အခြေအနေကို စပါးအသင်းကစောင့်ကြည့်နေပြီး လီဗာပူးကလည်းခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။
စပါးအသင်းနဲ့မန်ယူတို့ကန်ခဲ့တဲ့ပွဲပြီးခါနီးမှာ ကွင်းထဲကနေ တစ်ဦးတည်း ထွက်ခွါသွားခဲ့တဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုကို မန်ယူအသင်းဘက်က အရေးယူမှုတစ်ခုအနေနဲ့ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ကစားခွင့်မပေးဘဲ ချန်လှပ်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းနဲ့ ကစားရမယ့် မန်ချက်စတာယူနိုက်တက်လူစာရင်းမှာ စီရော်နယ်ဒိုပါဝင်မှာမဟုတ်ဘဲ တခြားကစားသမားတွေဟာ အဲဒီပွဲစဉ်အတွက် အာရုံစိုက်ပြင်ဆင် နေကြောင်း မန်ယူအသင်းက တရားဝင်သတင်းထုတ်ပြန်ပါတယ်။
မန်ယူတိုက်စစ်မှူးဟာ စီရော်နယ်ဒိုဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ ပွဲမပြီးဆုံးခင် ကွင်းထဲကထွက်ခွာခဲ့ သလို လူစားလဲကစားဖို့လည်း ငြင်းဆန်ခဲ့တယ်လို့သိရပါတယ်။
ရော်နယ်ဒိုဟာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းခွင့်တွေကိုအသုံးမချနိုင်ခဲ့ဘဲ စပါးနဲ့ ပွဲစဉ်မှာတော့ အရန်ခုံမှာပဲ ထိုင်ခဲ့ရတာပါ။
မန်ယူအသင်းရဲ့ ထုတ်ပြန်ချက်ဟာ စီရော်နယ်ဒိုနဲ့ နည်းပြတန်ဟတ်ဂ်ကြားမှာ ကတောက်ကဆဖြစ်နေတာ ထင်ရှားခဲ့ပြီး ရော်နယ်ဒိုအနေနဲ့ တစ်ဦးတည်းလေ့ကျင့်ခန်းတွေသာ ပြုလုပ်သွားရမှာဖြစ်ပါတယ်။