close

လူစားလဲခွင့်

close

March 31, 2022

ပရီးမီးယားလိဂ်တွင် လာမည့်ရာသီ ၅ ဦးအထိ လူစားလဲခွင့်ပြုမည်

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ လာမယ့်ရာသီကစတင်ပြီး ကစားသမား ၅ ဦးအထိ လူစားလဲခွင့်ပြုတော့မယ်လို့ သိရပါတယ်။ 

ဥရောပနဲ့ တခြားလိဂ်တွေမှာ ကိုဗစ်ရောဂါကူးစက်မူ ပထမလှိုင်းပြီးကတည်းက တပွဲကို လူစားလဲခွင့် ၃ ဦးကနေ ၅ ဦးအထိ ခွင့်ပြုခဲ့တာပါ။ ဒါပေမဲ့ ဗြိတိန်က ဘောလုံးလိဂ်တွေမှာတော့ မူလကအတိုင်း ၃ ဦးသာ လူစားလဲခွင့်ပြုခဲ့ကြတာပါ။ 

အခုနှစ်ရာသီမှာ အသင်းကြီးတွေဘက်က ၅ ဦးလဲလှယ်ခွင့်ရရှိလိုပေမဲ့ အသင်းငယ်တွေဘက်က လက်မခံခဲ့တာကြောင့် အဆင်မပြေဖြစ်ခဲ့ရတာပါ။ လက်ရှိအချိန်မှာတော့ အသင်းငယ်တွေကလည်း စိတ်ပြောင်းလဲသွားပြီး ၅ ဦးလူစားလဲခွင့်ကို လက်ခံ သဘောတူသွားဖို့ ရှိပါတယ်။ အဲဒီအတွက် မဲပေး ဆုံးဖြတ်ချက်ကို မတ် ၃၁ ရက်နေ့ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။  

PFA လို့ ခေါ်တဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်းဥက္ကဋ္ဌ မိုလန်ဂိုကတော့ ၅ ဦး လူစားလဲခွင့်အပေါ် ထောက်ခံကြိုဆိုပြီး ဒီစည်းမျဉ်းဟာ အသင်းကြီးတွေအပေါ်မှာပဲ အားသာချက်ရှိစေတာ မဟုတ်ဘဲ ကစားသမားတွေရဲ့ အကျိုးအတွက် ကောင်းမွန်တယ်လို့ ပြောပါတယ်။ 

ဘောလုံးစည်းမျဉ်းတွေကို တရားဝင်သတ်မှတ်တဲ့ IFAB ကတော့ ၅ ဦးလူစားလဲခွင့်ကို အမြဲတမ်းစည်းမျဉ်းတခုအနေနဲ့ သတ်မှတ်ကြောင်း ပြီးခဲ့တဲ့အောက်တိုဘာလက အတည်ပြုချက် ထုတ်ပြန်ခဲ့ပါတယ်။

4 months Ago

January 5, 2021

ကရာဘောင်းဖလား ဆီမီးဖိုင်နယ်တွင် ကစားသမား ၅ ဦး လူစားလဲခွင့်ရ

ကရာဘောင်းဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကစားသမား ၅ ဦးအထိ လူစားလဲခွင့်ရရှိမယ်လို့ သိရပါတယ်။ အခုနှစ်ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဇန်နဝါရီ ၆ ရက်နေ့ မနက် ၂ နာရီခွဲ စတင်မှာဖြစ်ပြီး စပါးအသင်းက ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ရမှာပါ။  တခြားဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ မန်ယူနဲ့ မန်စီးတီးပွဲစဉ်ကိုတော့ ဇန်နဝါရီ ၇ ရက် မနက် ၂ နာရီခွဲ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။  တစ်ကျော့တည်းစနစ်နဲ့သာ ကစားတော့မယ့် အခုနှစ်ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာ လူစားလဲမှု ၅ ကြိမ်အထိ ခွင့်ပြုသွားမှာဖြစ်ပါတယ်။  ပရီးမီးယားလိဂ်မှာတော့ ၅ ဦး လူစားလဲခွင့်ကို အသင်းငယ်တွေဘက်က လက်မခံတာကြောင့် ၃ ဦး လူစားလဲခွင့်စည်းမျဉ်းအတိုင် ဆက်လက်ကျင့်သုံးနေတာပါ။  အချိန်ပိုအထိ ရောက်သွားမယ်ခဲ့မယ်ဆိုရင်တော့ နောက်ထပ်တစ်ဦး လူစားလဲခွင့်ရရှိမှာ ဖြစ်ပေမယ့် လူစားလဲမှုအကြိမ်အရေအတွက် စုစုပေါင်းကတော့ ၅ ကြိမ်သာရှိ ရမယ်လို့ သိရပါတယ်။
2 years Ago
Up